Description

735 45 1
                                    

ထိုနေ့သည် ထူးထူးခြားခြား သာမန်နေ့တစ်နေ့ဖြစ်သဖြင့် ဖန်ချန်းသည် ဒီနေ့မနက်စာအတွက် သူဘာစားခဲ့သည်ကိုပင် မမှတ်မိနိုင်တော့ပေ။

အခြားနေ့များကဲ့သို့ပင် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းရေချိုးခြင်း၊ ထမင်းစားခြင်း၊ အလုပ်သွားခြင်းတို့ပြုလုပ်ခဲ့ပြီး ညနေခင်း၌ ဖိုင်များစီစစ်ရန် အိမ်သို့ ပြန်လာခဲ့သည်။ သို့သော် အိပ်ယာဝင်ခါနီး၌ အပြင်ဘက်တွင် ထူးဆန်းသော အသံများကြားလိုက်ရသောအခါမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ သူ တံခါးဖွင့်ခဲ့လိုက်မိပြီး ထိုအချိန်မှစပြီး အရာအားလုံး ခြားနားလာတော့သည်။

ပုပ်ပွနေသော ခန္ဓာကိုယ်ရှိနေတဲ့ အမျိုးသားတစ်ယောက်.... လူကို တိုက်ခိုက်ပြီးစားသုံးနေသည့် ထူးခြားသော သတ္တဝါများ... သွေးအိုင်ထဲတွင် ခိုကိုးရာမဲ့အော်ဟစ်နေကြသည့် လူလတ်ပိုင်း ဇနီးမောင်နှံနှစ်ဦး.... အိမ်မွေးတိရစ္ဆာန်များ၏ စားသုံးခြင်း ခံလိုက်ရသည့် ထိပ်တန်း ဉာဏလုပ်သား တစ်ဦး... နောက်ပြီး သူ့နောက်ကိုတစ်ကောက်ကောက်လိုက်နေသည့် ယောင်္ကျားတစ်ယောက်....

ဒီမြို့ကြီးသည် မလုံခြုံတော့ပေ.... သူတို့ ဒီကနေ လွတ်မြောက်မှရမည်...

"ငါ မင်းအနားမှာ အမြဲရှိနေမှာ...မင်းဘေးနားမှာပဲ"

"ကျေးဇူးပြုပြီး....ငါ့ကိုသတ်လိုက်ပါ"

"မကြောက်ပါနဲ့...."

"မင်း...ဘယ်သူလဲ ငါမမှတ်မိဘူး... ငါ..ငါက မင်းကိုသတ်ခဲ့တဲ့လူလား?"

သူတို့သည် ဒုစရိုက်ကို ကျူးလွန်ခဲ့ပြီး‌တာကြောင့် ပြစ်ဒဏ်သည်စတင်ခဲ့ပြီဖြစ်တော့သည်.....

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now