Chapter 22

36 3 0
                                    

Ch22 လူသတ်သမား

ညဘက်၌ တစ်ယောက်ယောက်က နိုးလာခဲ့သည်။

ထိုအမျိုးသမီးသည် သူမ၏ ဆံပင်များကို လက်ဖြင့် ဆုပ်ကိုင်လိုက်ကာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့ပြီး သူမ၏နောက်မှ အမျိုးသားတစ်ဦးက အနီးကပ်လိုက်လာခဲ့သည်။

သူမပါးစပ်ကိုလက်ဖြင့်အုပ်လာတာကြောင့် သူမလန့်သွားပြီး အော်တော့မည့်အချိန်မှာပဲ ကျန်းရွေ့ကလျှင်မြန်စွာ တိုးတိုးလေးဖြင့် “ရှူး ကိုယ်ပါ” ဟုပြောလိုက်သည်။

ဝမ်ဟွေ့ဝမ်၏ အာရုံများက ပြန်တည်ငြိမ်လာပြီး သူမ၏လက်ဖြင့် ထိုလူ၏လက်ကို အသာအယာပုတ်လိုက်ကာ "ရှင်..ဘာဖြစ်နေတာလဲ? ရှင်လုပ်တာ ကျွန်မကြောက်ပြီးသေတော့မလို့"

ကျန်းရွေ့က ဝမ်ဟွေ့ဝမ်၏ နှုတ်ခမ်းကို နမ်းလိုက်သည်။ ဝမ်ဟွေ့ဝမ်သည် ညဦးပိုင်းက ရေချိုးထားခဲ့တာကြောင့် သူမ၏ ခန္ဓာကိုယ်မှ သင်းပျံ့သော ရနံ့တစ်ခုက ထွက်နေခဲ့သည်။ ကျန်းရွေ့က ထိုရနံ့ ကိုရလိုက်သည်နှင့် ချက်ချင်းပင် နိုးကြားလာပြီး မာလာတော့သည်။

"အရမ်းနောက်ကျနေပြီကိုကွာ~" ဝမ်ဟွေ့ဝမ်က ကျန်းရွေ့၏ ထိတွေ့မှုများကို ကျေနပ်စွာ လက်ခံလိုက်ပြီး ညဉ်းသံများ ရောနှောကာ သူမ၏ မျက်ခွံများကို မှိတ်ချလိုက်သည်။ ကျန်းရွေ့က သူမခန္ဓာကိုယ်ကို သဘောကျပြီး သူမကလည်း သူ့ကို ခန္ဓာကိုယ်ဖြင့်ဆွဲဆောင်နိုင်သောကြောင့်ပျော်ရွှင်ပေသည်။

ထိုရှည်လျားပြီး နက်နဲလှသောအမှတ်ရစရာများကို   လက်ရှိအခိုက်အတန့်ရှိ စိတ်လှုပ်ရှားစရာကောင်းစရာအချက်များက ထိုးသွင်းဖြိုခွဲလာခဲ့သည်။

အရင်တုန်းကတော့ ဝမ်ဟွေ့ဝမ်က  တိုက်ခန်းဝယ်ဖို့ တောင်းပန်ခဲ့ဖူးပြီး သူသဘောတူရသည့် အကြောင်းရင်းတစ်စိတ်တစ်ပိုင်းကတော့ သူတို့၏ ချစ်မှုရေးရာလှုပ်ရှားမှုများကို အဆင်ပြေစေဖို့အတွက် ဖြစ်သည်။ ကျန်းရွေ့၏စည်းစိမ်ဥစ္စာသည် သူ၏တစ်ဦးတည်း အရည်အချင်းကြောင့်ရလာခြင်းဖြစ်သည်။ သူက ချမ်းသာသော်လည်း ယဉ်ကျေးသိမ်မွေ့ပြီး ရက်ရောကာ သပ်ရပ်စွာ နေတတ်သူဖြစ်သည်။ ဝမ်ဟွေ့ဝမ်သည် အစပိုင်းတွင် သူ့နောက်ကို လိုက်ရခြင်းမှာ သူ၏ ပင်ကိုယ်စရိုက် အသွင်အပြင်က စွဲဆောင်မှုရှိသောကြောင့် ဖြစ်သည်။

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now