Chapter 3

87 20 1
                                    

Ch3 လက်တွေ့

ဖန်ချန်းသည် သူ့ကိုယ်သူ ဒီလောက်အကြာကြီး အိပ်ပျော်သွားမိတာကို အံ့သြသွားမိသည်။

လက်တွေ့မကျသော ခံစားချက်တစ်ခု သူ့အပေါ် တိတ်တဆိတ် ဝင်ရောက်လာပြီး မူးဝေဝါးတားနေသော အာရုံဝေဝါးမှုကို ခံစားလိုက်ရသည်။ တကယ်တော့ ဒီခံစားချက်က လွန်ခဲ့တဲ့တစ်ရက်ကတည်းက သိသိသာသာ ပြင်းထန်လာခဲ့တာပင်။ စိတ်မသက်မသာ ဖြစ်ရသည့် ဒီခံစားချက်က ဘယ်ကလာမှန်း မသိချေ... သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်- အခုကြုံတွေ့နေရသည့် အရာများသည် အစစ်အမှန်မဟုတ်ပေ။ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပြီး သူ့အခန်းဆီသို့ ခြေလှမ်းများ နောက်ပြန်ဆုတ်ကာ အဝတ်အစားပင်မလဲတော့ဘဲ ကုတင်ပေါ်သို့ လှဲချလိုက်တော့သည်။

တံခါးကို အဆက်မပြတ်ခေါက်သံက ဆက်ပြီးထွက်ပေါ်နေသေးသည်......

ဆာလောင်သည့်ခံစားချက်ကြီးထွားလာသည်နဲ့အတူ သူ့ခန္ဓာကိုယ်သည် ပိုမိုလေးလံလာပြီး အနက်ရောင် ချောက်ကြီးတစ်ခုထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ ထူးဆန်းသည်မှာ ဒီဟာက တံခါးအပြင်ဘက်ရှိအရာများကို တွေးတောခြင်းမှ  အာရုံပြောင်းစေခဲ့သည် ။ သူ့အသိစိတ်တွေ တဖြည်းဖြည်း မှုန်ဝါးလာပြီးနောက်ပိုင်း ဘာကိုမှ မမှတ်မိတော့ချေ...

နောက်တစ်နေ့မနက် အိပ်ရာက နိုးလာသည့်အချိန်တွင်  ဖန်ချန်းသည် ကုလားကာတွေက တစ်ဝက်လောက်ပွင့်နေပြီး  သူ့ကိုယ်သူ စောင်တစ်ထည်ခြုံထားလျက်ရှိနေကြောင်းသိလိုက်ရသည်။အိပ်ခန်းတံခါးသည် ပွင့်နေပြီး နောက်ကျောဘက် ဧည့်ခန်းထဲရှိ လေအေးပေးစက်အသံက ဆူညံစွာထွက်ပေါ်နေသည်။

နောက်ထပ်အိပ်မက်ဆိုးတစ်ခုပဲ.....

သူအိမ်စီးဖိနပ်ကို ကောက်၀တ်ပြီး ရေမိုးချိုးဖို့ ရေချိုးခန်းဆီ လျှောက်သွားလိုက်သည် ။

ဖန်ချန်း၏ ငယ်ရွယ်သော မျက်လုံးများအောက်ရှိ အနက်ရောင်စက်ဝိုင်းများသည် အိပ်ရေးမဝတာကြောင့် ပိုမိုနက်ရှိုင်းလာပုံရသည်။ မှန်ထဲ၌ ထင်ဟပ်နေသော သူ့ပုံရိပ်ကို စိုက်ကြည့်ရင်း ရေစက်လေးများသည် သူ့ပါးပြင်ပေါ် လျှောကျသွားသည်ကိုမြင်နေရသည်။ သူသည် မျက်လုံးများကို ပွတ်သပ်လိုက်ကာ ဆက်လက်ဆေးကြောလိုက်သည်။

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now