Chapter 9

29 9 1
                                    

Ch9 လူသားစားသတ္တဝါကြီးများ

ပြင်းထန်သော အကြောက်တရားကို ကြုံတွေ့ရသောအခါတွင် တစ်ချိန်က သူတို့အတွက် ကြောက်စရာကောင်းသည်ဟု ယူဆသည့်အရာသည် ထုံထိုင်းသွားခဲ့သည်။ ဖန်ချန်းက တစ်ကမ္ဘာလောက်ကြာတယ်လို့ခံစားရတဲ့အထိ ခေါင်းငုံ့ထားတာကြောင့် နာကျင်တဲ့ ခံစားချက်သည် လည်ပင်းတစ်လျှောက်တဖြည်းဖြည်း တိုးဝင်လာသည်။ ဆန့်ကျင်ဘက်က လူကလည်း သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသေး၏။

ဆယ်မိနစ်ကျော်ကြာအောင် မတိုးမဆုတ်သာအခြေအနေဖြစ်နေပြီးနောက် ဖန်ချန်းက ကျည်ဆန်ကို ကိုက်ကာမေးလိုက်သည်... "ဘာလို့ ငါ့နောက်လိုက်နေရတာလဲ...?"

သူကတုန်လှုပ်နေဆဲပင်... ပြောရရင်..ဘယ်သူမဆို သူတို့နဲ့ မျက်နှာခြင်းဆိုင်မှာ ပုပ်ပွနေတဲ့ လူတစ်ယောက်က ထိုင်နေမယ်ဆိုရင် သူတို့လည်း စကားလုံးတစ်လုံးမှ မပြောနိုင်လောက်အောင် ကြောက်လန့်နေမှာ သဘာဝပင်...

တိတ်ဆိတ်နေသည့်ကြားထဲမှ စူးရှကျယ်လောင်သော အမျိုးသမီးအသံနှင့် ကြောက်လန့်နေသော ယောက်ျားအော်သံက ကော်ရစ်ဒါအတွင်း ပဲ့တင်ထပ်လာသည်။ ထိုအသံများက စောနက အသံများနှင့် ကွဲပြားနေပြီး- အသက်ရှိနေတဲ့လူသားအသံဆိုတာငြင်းမရပေ...

ဖန်ချန်းက အံ့အားသင့်စွာ တင်းကျပ်စွာပိတ်နေသော တံခါးကို ခေါင်းလှည့်ကာကြည့်လိုက်သည်။ သတိပြုမိခြင်းပင်မရှိဘဲ နောက်တစက္ကန့်မှာတော့ သူက တံခါးဆီကိုပြေးသွားနေပြီးဖြစ်သည်။ သူကိုယ်တိုင် ဘာကြောင့် ပြေးလာတာလဲတောင်မသိသလို.. ဒီနေရာက လွတ်မြောက်နိုင်မလားမသိပေ။ တံခါးမှ ထွက်လိုက်သည်နှင့် ကော်ရစ်ဒါမှ လတ်ဆတ်သော လေနုအေးများနဲ့ရိုက်ခတ်မိသွားပြီး ဦးရေပြားများ ထုံကျင်သွားသည်။

နွေးထွေးတဲ့ လိမ္မော်ရောင် မီးရောင်များက တတိယထပ်ကို အလှဆင်လျက်ရှိသည်။ ဖန်ချန်းရဲ့ စိတ်ထဲမှာ ဗလာကျင်းနေပြီး လှေကားကနေပြေးဆင်းလိုက်ကာ ထောင့်ချိုးတွင် ရပ်လိုက်သည်။

သူ့ရှေ့က မြင်ကွင်းတွင် ဝမ်ဟွေ့ဝမ်သည် tank top နဲ့ အတွင်းခံဘောင်းဘီကိုလေးကိုသာ ဝတ်ဆင်ထားပြီး တံခါးရှေ့တွင် ထိုင်နေပြီး ကျန်းရွေ့သည် အမည်မသိ သတ္တဝါတစ်ကောင်ကို မြေပြင်ပေါ်တွင် ဒူးထောက်ကာ တံမြက်စည်းဖြင့်  ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ ထိုသတ္တဝါကြီးသည် မတ်တတ်ရပ်ရန် ကြိုးစားနေပေမယ့်လည်း  မအောင်မြင်ဘဲ စိုစွတ်နေတဲ့ ကြမ်းပြင်ပေါ်တွင်အကြိမ်ကြိမ် လဲကျနေသည်။

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now