Chapter 12

36 10 1
                                    

Ch12 သေစေနိုင်တဲ့ နှိပ်စက်ခြင်း

►Spoiler - Containing Warning Tags နှိပ်စက်ခန်းများပါဝင်သည်။

မနေ့ည 19:00-(7နာရီ) အချိန်၌...

အခန်းသည် တိတ်ဆိတ်နေသည်။ မည်သည့်အသံတစ်သံကမှ  တိတ်ဆိတ်မှုကို မနှောင့်ယှက်နေပေ...

အလုပ်မှ အိမ်ပြန်ရောက်သောအခါ ရွှီဝမ်လောင် သည် သားရေဖိနပ်ကို ကန်ထုတ်ကာ နက်ခ်ကတိုင်ကို ဖြည်လိုက်ပြီး သပ်ရပ်စွာတင်သော ဆံပင်များကို  လက်ချောင်းများဖြင့် ဆွဲဖွလိုက်သည်။

သိုလှောင်ခန်း၏ တံခါးနောက်မှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ အဲဒါကိုကြားတော့ သူက သားရေဖိနပ်တစ်ရံကိုဆွဲပြီး ပစ်ပေါက်လိုက်ကာ ဆူညံသံများကို ချက်ချင်းရပ်စေလိုက်သည်။

သူက သိုလှောင်ခန်းကို ဒုတိယတစ်ချက်တောင်ပြန်မကြည့်တော့ဘဲ မီးဖိုချောင်ထဲကို သွားကာ ခေါက်ဆွဲထုပ်ကို ပြုတ်လိုက်သည်။ ပြုတ်နေရင်း ခေါက်ဆွဲအနှစ်သည် သူ့အင်္ကျီအဖြူပေါ်သို့ မတော်တဆ ပေသွားသည်။ သူကကျိန်ဆဲလိုက်ရင်း  အင်္ကျီကြယ်သီးကို ဆွဲဖြုတ်ကာ ထောင့်စွန်းတစ်နေရာမှ  ညစ်ပတ်သော လက်တိုအင်္ကျီကို ဆွဲထုတ်လိုက်ပြီး အစားထိုးဝတ်လိုက်သည်။

ယနေ့တွင် သူသည် သူ၏သူဌေးထံမှ နောက်ထပ် ကြိမ်းမောင်းခြင်းကို ခံရပြန်သည်။ ရွှီဝမ်လောင်သည် ခေါက်ဆွဲတစ်လုတ်ကို အရသာခံလိုက်ရင်း တံတွေးအမှုန်အမွှားများ အဆက်မပြတ်ထွက်နေတဲ့ပါးစပ်ကြီးရယ် အင်္ကျီပေါက်ထွက်လုနီးပါးရှိနေတဲ့ ဗိုက်‌ရွှဲကြီးရယ်နဲ့သူ့ဘော့စ်ရဲ့ပုံရိပ်များက ကွက်ကွက်ကွင်းကွင်းနဲ့  သူ့စိတ်ထဲ လှည့်ပတ်နေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအရ သူ့ကို မအီမသာ ဖြစ်စေခဲ့သည်။ သူက ခေါက်ဆွဲနှစ်လုတ်ကို အလျင်အမြန် မျိုချလိုက်ပြီး ဟင်းရည်များကို ပန်းကန်လိုက် မော့ချလိုက်သည်။

ဧည့်ခန်းထဲကမီးကို မဖွင့်ထားတာကြောင့် တစ်ခုတည်းသော အလင်းရောင်အရင်းအမြစ်မှာ မီးဖိုချောင်မှ မှိန်ဖျော့ဖျော့မီးသီးသာဖြစ်ပြီး တိုက်ခန်းတစ်ခုလုံး အမှောင်ထုထဲ နစ်မြုပ်နေခဲ့သည်။

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now