Chapter 20

32 4 0
                                    

Ch20 ရင်းနှီးမှု

ထိုနေ့ကမိုးရွာနေသည့်  နောက်ထပ်တစ်နေ့ဖြစ်ခဲ့သည်....

တိမ်ဖုံးနေသော ကောင်းကင်ကြီးဖြင့်လေထုသည်  ရွှဲနစ်ပြီးစိုစွတ်သော မြေဆီလွှာနှင့် လီလီပန်း ရနံ့တို့ကို သယ်ဆောင်လာကာ လေးလံနေသည်။

အသက်ရှုရပ်နေခဲ့သည် ကြောင်ကလေးကို သူ့လက်ထဲမှာ ပွေ့ပိုက်ထားရင်း သူ့ဖိနပ်ဖြူဖြူတွေက ရွှံ့တွေ နဲ့ပေပွနေတာကို ဖန်းချန် တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်က သေးငယ်ပြီး နုပျိုနေသေးသည်။

ဖန်ချန်းငယ်လေး၏ မျက်နှာမှာ ကလေးအဆီလေးတွေကရှိနေတုန်းပင်...သူ့မျက်တောင်မှာ ရေစက်တွေက တွယ်ကပ်နေပြီး မျက်ရည်လား မိုးရေစက်တွေပဲလား မသဲကွဲနေချေ။ သူ့ဆံပင်များသည် မိုးရေကြောင့် အနည်းငယ် စိုစွတ်နေသည်။

ရုတ်တရက်ဘယ်ကမှန်းမသိတဲ့နေရာကနေ သူ့ခေါင်းပေါ်၌ ထီးတစ်ခု မိုးပေးလာခဲ့သည်။

တစ်စုံတစ်ယောက်က သူ့ကို ထီးနဲ့ မိုးပေးထားသည်။ ဖန်ချန်းက အပေါ်ကို မော့ကြည့်လိုက်တော့ သူမြင်လိုက်ရသည်မှာ... ပေါ့ပေါ့ပါးပါး အနက်ရောင် ဘောင်းဘီ... အဖြူရောင် အင်္ကျီတစ်ထည်နှင့်လူဖြစ်သည်... ပြီးတော့ ပုပ်ပွနေတဲ့ မျက်နှာလေးလည်းရှိနေသေးသည်....

မိုးက ရုတ်တရက် သည်းထန်စွာ ရွာချလာသည်။ ဖန်ချန်းသည် မိုးရေစက်များ၏ စည်းချက်ညီညီ ကျနေသံများကိုသာကြားနေရပြီးအခြားအသံများကို မကြားနိုင်တော့ပေ။ သူတို့နှစ်ဦးစလုံးသည် ဘက်ပေါင်းစုံမှ မိုးရေများဖြင့် ဝိုင်းရံခံထားရပြီး အလယမမှာ ပိတ်မိနေသည်။ အဲ့ဒီလူ၏နှုတ်ခမ်းများက လှုပ်သွားပြီး ဖန်ချန်း၏နားထဲတွင် သူ့အသံများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

"ဖန်ချန်း မကြောက်ပါနဲ့"

"ကလင်!"

ရုတ်တရတ် သတိပြန်ဝင်လာပြီးနောက် ဖန်ချန်းသည် ခန်းမထဲတွင်ရှိနေဆဲဖြစ်သည်ကို သိလိုက်သည်။ ထိုလူက သူ့အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်နှင့်အမျှ တောက်ပသော မီးရောင်က သူ့မျက်လုံးများထဲ၌ မှိန်ဖျော့သွားခဲ့သည်။ သူ..ထွက်ပြေး လွတ်မြောက်ချင်သော်လည်း သူ့ခြေထောက်များက တုံ့ပြန်မှု မရှိတာကြောင့် နျဲ့ရှီတဖြေးဖြေး နီးကပ်လာသည်ကို စောင့်ကြည့်ရန်ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now