Chapter 2

102 20 0
                                    

Ch2 အိမ်မက်ဓားစာခံ

ဖန်ချန်းသည် လှည့်မကြည့်ခဲ့ချေ... သူ့လက်တွေက အနည်းငယ်တုန်နေပြီး သူ့ကျောဟာလည်း အေးစက်နေတဲ့ ချွေးများဖြင့်စိုရွဲနေသည်။ သူ့အသက်ရှုသံတိုင်းသည်ပင် အေးစိမ့်စိမ့်ခြောက်ခြားစရာခံစားမှုကို သယ်ဆောင်လာသည်။

အကြည့်တစ်စုံ....ထင်ထင်ရှားရှားရှိသော အရာတစ်ခုကဲ့သို့ ထိုအကြည့်တစ်စုံဖြင့်ကြည့်ခံနေရပြီး သူ့ကျောရိုးတစ်လျှောက်သို့ ဖြည်းညှင်းစွာ တက်လာသည်ကိုခံစားလိုက်ရသည်။ သူသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်လျက်ရှိနေကာ ခန္ဓာကိုယ်တစ်ဝက်နီးပါးသည် ထုံကျင်နေသည်။ အပူချိန်အကူးအပြောင်းကြောင့် သူ့ခေါင်းထဲတွင် မူးဝေဝေဖြစ်နေသော ခံစားချက်ကို ခံစားနေရပြီး နွေးထွေးမှုနှင့် အေးစက်မှုနှစ်ခုလုံးကို တစ်ပြိုင်နက် ခံစားနေရသည်။ ထိုမျက်လုံးတစ်စုံက သူ့မျက်နှာကို ဖြတ်တိုက်သွားသလို လေလိုမျိုး  သူ့ကို အကြာကြီးစိုက်ကြည့်နေတာကိုခံစားလိုက်ရသည်။ ဖန်ချန်းသည် ဆတ်ခနဲ လှည့်ကြည့်လိုက်တာသော်လည်း အဲ့လူရဲ့မျက်နှာကို မတွေ့ရတာကြောင့် အံ့ဩသွားမိသည်။

"ဖန်ချန်း?"

သူ့အနောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုလူသည်နားရွက်နားကပ်ပြီး ခေါ်တာမျိုးမဟုတ်သော်လည်း သူ့အနောက်တွင်ရှိနေသည်။သူသည် ‌သူတို့ကြားအကွာအဝေးကိုပင် ထိန်းသိမ်းထားသည်။

ဒါက ဖန်ချန်ကို ပိုပြီးစိတ်တည်ငြိမ်စေမယ့်အစား  ပိုတုန်လှုပ်သွားစေမိသည်။ သူ့အိမ်မက်ထဲမှာ သူ့ကို သေအောင်သတ်နေသလိုမျိုး ထပ်ခါထပ်ခါခေါ်နေတဲ့ ဒီအသံကို သူရင်းနှီးလွန်းနေသည်။  သူသည် ခေါင်းကိုလှည့်လိုက်ရာ သူ့နောက်နား၌ လရောင်ဖျော့ဖျော့ဖျာကျနေသည့်အောက်တွင် ရှိနေသည့်လူတစ်ယောက်ရဲ့မျက်နှာကို ပိုင်းခြားမြင်လိုက်ရသည်။

လူ...လူဆိုတာ ဒီလိုပုံပေါက်နေရမှာမဟုတ်ဘူး!!!

ထိုသူသည် အလွန်ပုပ်ပွနေလေသည်။ ဖန်ချန်း သည် သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများ ထူးထူးခြားခြား လှုပ်ယမ်းနေသည်ကိုပင် တွေ့လိုက်ရသည်။ ရှပ်အင်္ကျီတစ်ပိုင်းကို လိပ်တင်ထားပြီး ခြစ်ရာ ရှာရာ ခရမ်းပုတ်ရောင် အညိုရောင်များ ရှိသည့် လက်ကောက်ဝတ်ပေါ်ရှိ ကြက်သွေးရောင်အသားစများသည်ပေါ်လွင်နေကာ သွေးများ စိမ့်ထွက်လုနီးနီး ဖြစ်နေတာကိုမြင်လိုက်ရသည်။

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now