Chapter 19

29 4 0
                                    

Ch19 မကြောက်ပါနဲ့

ပတ်ဝန်းကျင်သည် တောက်ပသော အလင်းရောင်များဖြင့် ပြည့်နှက်နေပြီး အထပ်တစ်ခုစီတိုင်းမှ အလင်းရောင်များသည် မျက်လုံးများကို ညီတူညီမျှ ကျိန်းစေသည်။

ဖန်ချန်းသည် သူအခုဘယ်ထပ်မှာရောက်နေမှန်းတောင်မသိတော့ပေ......

သူတို့ခြေထောက်အောက်က ကော်ဇောနီသည် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူတို့ချော်လဲသွားနိုင်သည့်ချိုင့်တွေပုံပေါက်နေသည်သည်။ ရုတ်တရက် ဖန်ချန်းကမိန်းမောကြောင်အ နေရာမှသတိဝင်လာပြီး ရပ်လိုက်သည်။ ဖန်ယင်းယင်းက ထိန့်လန့်မှုကြောင့်တောက်ပနေသည့်မျက်လုံးများဖြင့်လှည့်ကြည့်လာသည်... "ဘာမှားလို့လဲ?"

"ငါတို့...အခု...ဘယ်သွားနေကြတာလဲ?" ဖန်းချန်းက သူ့လက်တစ်ဖက်နဲ့ နံရံကို ထောက်ကာအမှီပြုလိုက်ပြီး နောက်လက်တစ်ဖက်ကို ဆွဲထုတ်လိုက်သော်လည်း ဖန်ယင်းယင်းက မလွှတ်ပေးဘဲ တင်းတင်းကြပ်ကြပ် ပြန်ဆုပ်ကိုင်ထားသည်။

သူမက ခေါင်းကို ခါလိုက်ပြီး သူမ၏ ponytail လေူကယိမ်းနွဲ့သွားသည်။ သူမက အခန်းသော့ကတ်တစ်ခုကို ပြလာရင်း "ကျွန်မတို့ဆယ့်လေးထပ်ကို သွားကြမယ်...ဒီမှာ အခန်းကတ်ရှိတယ်... အဲဒီဟာကြီးနဲ့ ကျွန်မ...ဆက်မနေချင်ဘူး... နေထွက်တာနဲ့ အတူတူ ထွက်ပြေးကြရအောင်!"

အစောပိုင်းတုန်းက ကျန်းရွေ့သည် အခန်းကဒ် ၃ ကဒ်ကို ယူခဲ့ပြီး ခြောက်ထပ်ရှိအခန်းထဲကို ဝင်သွားပြီးနောက် ကျန်နှစ်ကဒ်ကို အိပ်ယာဘေးက စားပွဲပေါ်တွင်တင်ထားခဲ့သည်။ ဖန်ယင်းယင်းသည် သူမရေချိုးချင်တယ်လို့ ပြောခဲ့ရတဲ့ ရည်ရွယ်ချက်မှာ တခြားသူတွေ စိတ်ရှုပ်ထွေးနေတဲ့အချိန်မှာ အခန်းကဒ်တွေကို သိမ်းထားဖို့သာ ဖြစ်သည်။ ဒါကို အစောကြီးကတည်းက သူမ အစီအစဉ်ဆွဲထားခဲ့တာဖြစ်သည်။

"အခြားသူတွေကော?" ဖန်ချန်းက လက်ရှိ နေရာ၏ကြမ်းပြင်နှင့်ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း မေးလိုက်သည်။

ဖန်ယင်းယင်းက  စိတ်ပျက်အားငယ်စွာဖြင့် သူ့ကို ပိုတင်းတင်းကျပ်ကျပ်ဆွဲယူလိုက်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်..."မပြန်ချင်ဘူး! ကျွန်မပြန်မသွားချင်ဘူး ဖန်ချန်း ကျေးဇူးပြုပြီး..." သူမက သည်းထန်စွာငိုလာပြီး မနက်ခင်း နှင်းပွင့်တွေ စွတ်ဆိုနေသည့် သစ်တော်သီးပွင့်များလို မျက်ရည်များက သူမမျက်လုံးမှ တလိမ့်လိမ့်စီးကျလာသည်။ သူမမျက်လုံး နှစ်ဖက်စလုံးသည် ယခုအခါ ရဲရီနီနေပြီဖြစ်သည်။

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now