Chapter 16

34 7 0
                                    

Ch16 သံသယများ

ဗလာ... ဗလာ....ဗလာကြီးပဲ...

တစ်မြို့လုံး၌ သူတို့ခုနစ်ယောက်သာရှိတော့သည်။

နျဲ့ရှီက ကားမောင်းထိုင်ခုံမှာနေရာယူကာ ဖန်ချန်းကရှေ့ခရီးသည်ထိုင်ခုံမှာယူလိုက်ပြီး ရှဲ့ယင်း နဲ့ ဖန်ယင်းယင်းက နောက်ထိုင်ခုံမှာ နေရာယူကြသည်။ ကားထဲသို့ဝင်ခါနီး ဖန်ယင်းယင်းက "ဖန်ချန်း......ရှင်အနောက်မှာမထိုင်ဘူးလားဟင်"

ဖန်ချန်းက ခေါင်းခါကာ ငြင်းဆန်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ အမျိုးသားတစ်ဦးသည် ယဉ်ကျေးပျူငှာသောအားဖြင့် မိန်းမနှစ်ယောက်နှင့် နောက်တွင်တူတူထိုင်ခြင်းက သင့်လျော်မည်မဟုတ်သည့်အပြင် လစ်လပ်တဲ့ထိုင်ခုံနေရာကလည်း ရှိနေသေးသည်။

စကားပြောရန်ပင် ခွန်အားမကြရှိ၍ မကြာမီမှာပင် တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်က ကားကို လွှမ်းခြုံသွားသည်။

ပြတင်းပေါက်အပြင်ဘက်တွင် ရှုခင်းများက သာမန်သာဖြစ်သော်လည်း လူများမရှိဘဲ တည်ငြိမ်လျက်ရှိနေသည်။ လမ်းသည်  ကင်းဗတ်စတစ်ခု ဆန့်ထွက်နေသလိုမျိုးရှိနေကာ ထိုကျယ်ပြောလှသော အလယ်တွင် အလွတ်ဖြစ်နေကာ အတားအဆီးမရှိ ချောမွေ့စွာ မောင်းနှင်နေသော သူတို့ကားနှစ်စီးသာ ရှိနေသည်။

City B သည်အရမ်းနီးပြီး သုံးနာရီကြာသာ ကားမောင်းရသည်။ ၎င်းတို့၏ဖုန်းများသည် ဟိုဘက်ကား ဒီဘက်ကား ဆက်သွယ်ရေးလွယ်ကူစေရန်အတွက် စပီကာမုဒ်တွင်ရှိနေပြီး တစ်ခါတစ်ရံတွင် အဝေးမှလေသံတဂျစ်ဂျစ်ကို ရံဖန်ရံခါကြားနေရသည်။

ဆယ်မိနစ်ကျော်ကြာပြီးနောက် ကောင်းချန်က မထိန်းနိုင်ဘဲ ဖုန်းနဲ့အသံပို့လိုက်သည် "ညမိုးချုပ်တဲ့အချိန်ထိ ငါတို့လိုရာ မရောက်ရင် ဘယ်လိုလုပ်ကြမလဲ?"

ဖန်ချန်းက နျဲ့ရှီကိုကြည့်ပြီးနောက် အနောက်ထိုင်ခုံဆီသို့ အကြည့်ပို့လိုက်သည်။ ရှဲ့ယင်းသည်လည်း ဒီမေးခွန်းကို တွေးတောနေပုံရသည်။

ယခုအချိန်အထိ ဖန်ချန်း၊ နျဲ့ရှီ နှင့် ကျန်းရွေ့တို့ဇနီးမောင်နှံသည်သာ ဆိုးရွားတဲ့ ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီး ကောင်းချန်နဲ့ အခြားသူများက သူတို့ရဲ့ ပြန်လည်ပြောပြချက်များနဲ့ ဖော်ပြချက်များကိုသာ ကြားသိခဲ့ရတာဖြစ်သည်။ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများသည် လူတိုင်း၏စိတ်ထဲကို စိမ့်ဝင်သွားပုံရပြီး သူတို့၏ နှလုံးသားအတွင်းမှ တိတ်ဆိတ်သော ဆုတောင်းသံများက ပဲ့တင်ထပ်နေသည်- ကျေးဇူးပြုပြီးတော့ ဒီလောက် ကံမကောင်းမဖြစ်ပါစေနှင့်....ကျေးဇူးပြုပြီးအဲ့အရာတွေနဲ့ မကြုံရပါစေနဲ့

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now