Chapter 18

27 6 0
                                    

Ch18 - ပုပ်ပွနေခြင်း

ဖန်ချန်း စကားတစ်ခွန်းမှ မပြောရသေးခင်မှာဘဲ တံခါးက အထဲကနေတွန်းဖွင့်ခံလိုက်ရသည်။

အကြီးမားဆုံးတုံ့ပြန်လာသူမှာ ကျန်းရွေ့ပင် ဖြစ်သည်။ တံခါးဖွင့်အသံကိုကြားလိုက်ရသောအခါတွင် သူသည်တုန်လှုပ်ချောက်ချားစွာ အော်ဟစ်ပြီး အမြန်နောက်ပြန်ဆုတ်သွားခဲ့ပြီး ကောင်းချန်သည်လည်း အလန့်တကြား ထခုန်မိသွားခဲ့သည်။ ဖန်ချန်းသည် တခဏတာမျှ လှုပ်ရှားရန် မေ့လျော့သွားပြီး ရပ်နေခဲ့သည်။ ထို့နောက် သူကိုအထဲသို့ဝင်ကြည့်စေရန် တစ်ခုခုကတွန်းအားပေးနေသလိုခံစားလိုက်ရသည်။

အခန်းသည် အလင်းရောင်မရှိပေ။ ကော်ရစ်ဒါမှအလင်းရောင်မှိန်မှိန်ဖြင့် အခန်းတွင်းမှတုန်လှုပ်ချောက်ချားဖွယ်ရာ အရိပ်ကို ဖန်တီးထားသည်။ တံခါးဝတွင် ပုံရိပ်တစ်ခုသည်  ဒူးထောက်နေကာ အနက်ရောင်ဆံပင်တို့ မျက်နှာတစ်ဝက်ကိုဖုံးကွယ်ထားသည်။ အလင်းရောင်အနည်းငယ်ဖြင့် သူ့ရဲ့ တုန်ရီနေသော လက်များကိုမြင်နေရသည်။ ရှိုက်သံအချို့က ပဲ့တင်ထပ်လာသည်။

"ပစ်လေ..ပစ် မင်းဘာကိုစောင့်နေတာလဲ?" ကျန်းရွေ့သည် နျဲ့ရှီအနောက်တွင်သူ့ကိုယ်သူကာထားပြီး ခေါင်းကိုသာ မြင်နေရသည်။

"လူဖြစ်တဲ့ပုံပဲ" ကောင်းချန်က တုံ့ဆိုင်းနေကာ သူ့လည်ပင်းကို ရှေ့တိုးလိုက်သည်.."အဲ့ဒါကလူပဲ ဟုတ်တယ်မလား"

“ကျွန်တော့်ကို ကယ်ကြပါ... ကူညီပါဦး…” ထိုလူက ကြောက်ရွံ့မှု အပိုင်းအစများဖြင့် မပီမသညည်းညူလာသည်။သူက ခေါင်းကို ဖြည်းညှင်းစွာ မော့လာတာကြောင့် နျဲ့ရှီမှလွဲပြီး အားလုံး နောက်ကိုခြေတစ်လှမ်းပြန်ဆုတ်သွားကြသည်။ ဖန်ချန်းကကြောက်လန့်တကြားဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။

ထိုလူရဲ့မျက်နှာကပေါ်လာပြီး နှစ်ဆယ်တောင်မပြည့်သေးတဲ့ ငယ်ရွယ်တဲ့မျက်နှာလေးကိုတွေ့လိုက်ရသည်"ကျွန်တော်.....ကျွန်တော်.. မသေချင်သေးဘူး"

ထိုအချိန်တွင် ရှဲ့ယင်းက တံခါးကိုဖွင့်လာခဲ့ရာ လူလေးယောက်စလုံးသည် ဘယ်ဘက်ကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမက ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး "ဒီမှာ ဘာတွေဖြစ်နေတာလဲ" ဟုမေးလိုက်သည်။

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now