Chapter 28

30 6 0
                                    

Ch28 - လီလီပန်း

မိဘမဲ့ဂေဟာဒါရိုက်တာသည် လီလီပန်းများကို အရမ်းချစ်တာကြောင့် မိဘမဲ့ဂေဟာ ထောင့်မျိုးစုံတွင် လီလီပန်းများကို အလှဆင်ထားသည်ကို တွေ့ရတတ်သည်။ စာသင်ခန်းစင်မြင့်များမှာတောင် လီလီပန်းများက အမြဲရှိနေတတ်သည်။

ဖန်ချန်းသည် ထိုအမွှေးရနံ့က အရမ်းစူးသည်ဟုခံစားရတာကြောင့်မကြိုက်ပေမယ့်...  မိဘမဲ့ဂေဟာဒါရိုက်တာဖွားဖွားကြောင့်  လီလီပန်းများကိုချစ်ခင်မှုအနည်းအငယ်လောက်မျှ အခိုင်အမာ ရှိနေဆဲပင်...

သူသည် ငယ်ရွယ်စဉ်ကတည်းက မိဘမဲ့ဂေဟာ၏ ကန့်သတ်ဘောင်အတွင်း၌ ကြီးပြင်းလာခဲ့ရပြီး ဒါရိုက်တာအဖွား၏ မျက်နှာသာပေးမှုကို သိသိသာသာ ခံစားခဲ့ရသည်။ သူမသည် အခြားကလေးများ လျှို့ဝှက်ထားခြင်းမရှိဘဲ သူ့ကို သကြားလုံးများအမြဲတမ်း ပေးကာ ခေါင်းကို ညင်သာစွာ ပုတ်ပေးမည်ဖြစ်သည်.. သူအပြစ်ပေးခံရချိန်တိုင်းတွင်လည်း သူမက သူ့အတွက် ဝင်ပြောပေးလေ့ရှိသည်။ ထိုသို့သောဆက်ဆံမှုသည် သူနှင့်ရွယ်တူ မိဘမဲ့ကလေးများကြားတွင်  သဘာဝအတိုင်း မနာလိုမှုနှင့် နာကြည်းမှုကို လှုံ့ဆော်ပေးခဲ့သည်။

ဖန်ချန်းသည် သူက ဒါရိုက်တာဖွားဖွား၏ နှလုံးသားတွင် အထူးနေရာတစ်ခုတွင်ရှိသည်ကို သိသည်။

အာ... အထူးတလည်ဖြစ်ရတာ ဘယ်လောက်ကောင်းလိုက်လဲ...

လူတိုင်းက သူတို့ဂရုစိုက်သည့်သူတွေ၏ နှလုံးသားထဲတွင် ထူးထူးခြားခြားရှိနေဖို့ စိတ်ကူးယဉ်တတ်ကြသည်။ အထူးသဖြင့် မိဘမဲ့ဂေဟာလို နေရာတွင် အခြားတစ်ယောက်ယောက်၏ ညှာတာမှုအနည်းငယ်ကပင် ကလေးများကြားတွင် အပြင်းအထန် ပြိုင်ဆိုင်လိုသော ရတနာတစ်ခု ဖြစ်လာနိုင်ခဲ့သည်။

ထို့ကြောင့် ဖန်ချန်းသည် အချို့သော အဖြစ်မှန်များကို မေ့ထားရန် တမင်တကာ ရွေးချယ်ခဲ့ပြီး သူတို့၏ ဖြစ်တည်မှုကို အာရုံမစိုက်ခဲ့ပေ။

နျဲ့ရှီ မွေးစားခံရပြီးနောက်  ထွက်သွားခဲ့သည့်နေ့ကို ဖန်းချန်က သတိရသေးသည်။သူသည် အိမ်နောက်ဖေးတွင် တစ်ယောက်တည်းထိုင်နေခဲ့ပြီး နျဲ့ရှီနှင့် လမ်းခွဲရန် တွန့်ဆုတ်နေကာ မနာလိုစိတ်များနှင့်အတူ မျက်ရည်များကို သုတ်ခဲ့လိုက်သည်။

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now