Chapter 15

27 5 0
                                    

Ch15 - လွတ်မြောက်ခြင်း

အနီနှင့် အဖြူ၏ တောက်ပသော အရောင်အသွေးသည် လိုက်လျောညီထွေစွာရောလျှက်နေလေသည်။

ဖန်ချန်း၏ အမြင်အာရုံတွေထဲမှာ ဒီအရောင်နှစ်ရောင်ပဲ ရှိတော့သည်။ အဖြူအနီ ၀တ်စုံကို ၀တ်ဆင်ထားသော ရုပ်ပုံသဏ္ဍာန်များကပေါ်လာခဲ့သည်။

ကျောင်းသားတွေ ဝန်းရံထားသည့် စည်ကားလှသော အားကစားကွင်းထဲမှာ သူရပ်နေခဲ့သည်။ ကျောင်းသားများသည်ထူးခြားစွာဖြင့် မျက်နှာသွင်ပြင်များ ကင်းမဲ့နေပြီး သူတို့၏ မျက်နှာများသည် အသားရောင်ပြင်ကြီးသာ ဖြစ်နေသည်။

ဖန်းချန်၏ နားထဲတွင် တေးဆိုသံများ လွှမ်းသွားသည်။ အချို့သော ယောက်ျားလေးများသည် လူပျိုဖော်ဝင်စဖြစ်တာကြောင့် သဲစက္ကူကဲ့သို့ ကြမ်းတမ်းသော အသံများ ရှိကြသည်။ သူခေါင်းငုံ့လိုက်ပြီး သူ့လက်တွေက ယခင်ကထက်အများကြီးသေးတာကိုတွေ့သွားသည်။လက်ဖဝါးတစ်ခုလုံးကို ဖုံးအုပ်ထားသည့် ကြီးမားတဲ့ ကျောင်းဝတ်စုံ အင်္ကျီလက်ထဲမှ သွယ်လျရှည်လျားသော လက်ချောင်းများ ထွက်လာသည်။ ကျောင်းသားများ၏ ယူနီဖောင်းသည် သူတို့၏ တကယ့်ခန္ဓာကိုယ်အရွယ်အစားထက် အမြဲပိုကြီးပေသည်။

ထိန်းမရသော စွမ်းအားတစ်ခုက တွန်းပို့လိုက်သလိုမျိုး  ဖန်ချန်းသည်တစ်စုံတစ်ဦးကို ရှာဖွေနေသကဲ့သို့ ရှေ့သို့ လျှောက်သွားခဲ့မိသည်။ သူရဲ့ လျင်မြန်သောခြေလှမ်းများကြောင့် တစ်စုံတစ်ဦးနှင့် မတော်တဆတိုက်မိသွားပြီး သူတောင်းပန်ခါနီးတွင် ထိုမျက်နှာမဲ့လူက သူ့ပခုံးကို ဆုပ်ကိုင်လာသည်။ "ဖန်ချန်း? ဘာတွေ အပြေးအလွှား ဖြစ်နေတာလဲ... ငါတို့ လူစုခွဲပြီးတာနဲ့ မင်း ပျောက်သွားလို့ ငါ မင်းကို လိုက်ရှာနေတာ"

ဖန်ချန်းက အံ့အားသင့်သွားကာ ဗလာဖြစ်နေပြီး မှုန်ဝါးနေသော မျက်နှာကို ကြည့်လိုက်သည်... "မင်း..." ငါ့ကိုမှတ်မိတာလား? ဒါဆို ငါဘယ်သူလဲဆိုတာကော မင်းသိလား? ဆိုတာကိုမေးချင်မိသွားသည်။

သူ့စကားမဆုံးလိုက်ခင်မှာပဲ အေးစက်နေတဲ့ လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရသည်။ သူ့ကို ကိုင်ထားသောလက်သည် ပျော့ပြောင်းကာ ပုပ်ပွနေပြီး အရိုးစုများပေါ်နေတာကို တွေ့လိုက်ရပြီး သူ့အကြည့်ကို လွှဲလိုက်သည်။

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now