Chapter 11

31 8 0
                                    

Ch11 ပြန်လာရာနေရာ

"တကယ်ကိုပဲ ဘာတွေဖြစ်နေတာလဲ?" ကောင်းချန်သည် ကျန်းရွေ့တို့လင်မယား အပေါ်ထပ်မှဆင်းလာတာကို တွေ့တာကြောင့် ချက်ချင်းမေးလိုက်သည်။

ဝမ်ဟွေ့ဝမ် နှင့် ကျန်းရွေ့တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး အခြေအနေတစ်ခုလုံးကို အသေးစိတ်ရှင်းပြလိုက်သည်။

သူ့ကိုရှင်းပြပြီးတာနဲ့ သူတို့ပတ်သက်မှုက ပြီးဆုံးသွားလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် ကောင်းချန်က အကြံထပ်ပြုလာမယ်လို့ ဘယ်သူကထင်မှာလဲ.... "ဖန်ချန်းက တခြားသူတွေကို အသိလိုက်ပေးဖို့ ပြောခဲ့တာမလား...? ဒါဆိုကျွန်တော်လည်း မင်းတို့နဲ့အတူလိုက်ခဲ့မယ်" သူ့လက်ထဲတွင် လက်ကိုင်ပုဝါတစ်ထည်ကို ကိုင်ထားကာ  မျက်နှာပေါ် တွင်အပြုံးတစ်ခုချိတ်ဆွဲထားရင်း နဖူးမှ ချွေးများကို သုတ်လိုက်သည်။

ကျန်းရွေ့က ချက်ချင်း ငြင်းပယ်လိုက်ပြီး "ကိုယ့်ကိုကိုယ် ဒုက္ခမခံပါနဲ့... ကျွန်တော်တို့ဘာသာ ပစ္စည်းတွေ ထုပ်ပြီးတာနဲ့ သူတို့ကို အကြောင်းကြားလိုက်ပါ့မယ်"

"အိုး လုပ်စမ်းပါ...အဲ့လို မပြောပါနဲ့....ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း ဘာမှ လုပ်စရာမရှိတဲ့အတူတူ မင်းတို့နဲ့ အတူတူ အောက်ထပ်လိုက်ဆင်းပြီး အခြေအနေတွေကို တစ်ချက်လိုက်ကြည့်မလို့" ကောင်းချန်သည် လက်ကိုင်ပုဝါဖြင့် လည်ပင်းရှိ ချွေးများကို ထပ်သုတ်လိုက်သည်။

"ဒါဆိုလည်း ကောင်းပြီလေ..." ကျန်းရွေ့က ခေါင်းညိတ်ပြလိုက်သည်...."ဒါဆို ကျွန်တော်တို့အဆင်သင့်ဖြစ်ရင် ဖုန်းဆက်လိုက်မယ်နော်"

ထို့နောက်နှစ်ယောက်သား သူတို့တိုက်ခန်းကို ပြန်သွားခဲ့ကြပြီး တိုက်ခန်းထဲရောက်တာနဲ့ ဝမ်ဟွေ့ဝမ်က ချက်ချင်းမေးလာသည်..... "ရှင်...တကယ်ပဲ အောက်ထပ်တွေကိုလိုက်ဆင်းပြီး တခြားသူတွေကို လိုက်အကြောင်းကြားဖို့ စီစဉ်နေတာလား?"

ကျန်းရွေ့က အနည်းငယ် စိတ်တိုသွားပြီး "မြန်မြန်လုပ်စမ်းပါ ထုပ်ပိုးဖို့လုပ်... ပစ္စည်းတွေ မြန်မြန်အသင့်ပြင်ပြီး မြန်မြန်ထွက်သွားကြရအောင်...ငါ ဒီကျိန်စာမိနေတဲ့ နေရာမှာ နောက်ထပ် တစ်စက္ကန့်တောင် မနေချင်တော့ဘူး!"

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now