Chapter 1

299 22 1
                                    

လူ့ဘုံမှလွတ်မြောက်ခြင်း

အခန်း1 - သာမန်နေ့တစ်နေ့.....

ထိုနေ့သည် ထူးထူးခြားခြား သာမန်နေ့တစ်နေ့ဖြစ်သဖြင့် ဖန်ချန်းသည် ဒီနေ့မနက်စာအတွက် သူဘာစားခဲ့သည်ကိုပင် မမှတ်မိနိုင်တော့ပေ။

အခြားနေ့များကဲ့သို့ပင် မနက်စာကို အလျင်စလိုယူရင်း အလုပ်သွားရန်ထွက်လာခဲ့ပြီး တံခါးဖွင့်နေတဲ့ အိမ်နီးချင်းတစ်ယောက်နဲ့ မတော်တဆ တွေ့ခဲ့သည်။ သာကြောင်းမာကြောင်းဖလှယ်လိုက်ကြပြီး ဓာတ်လှေကားစီးလိုက်ကြသည်။

"မစောလွန်းဘူးလား?" အိမ်နီးချင်းကမေးလာသည်။

ဖန်ချန်းက "အမ်... ဘယ်တတ်နိုင်မလဲဗျာ အလုပ်နောက်ကျလို့မှမရဘဲ...မဟုတ်ရင်ရက်မှန်ကြေး ဘောနပ်စ်ကို လက်လွှတ်ရလိမ့်မယ် ဟ ဟ" ဒီဘောနပ်စ်က သူ့အတွက် သိသိသာသာ အရေးပါလှသည်။

သူတို့ စကားနည်းနည်းထပ်ပြောလိုက်ပြီး မကြာခင် မှာပဲ ဓာတ်လှေကားက ပထမထပ်ကို ရောက်သွားခဲ့သည်။ ပထမထပ်၏ဘယ်ဘက်ခြမ်းတွင် အသက်ငါးဆယ်ကျော်ရှိဟန်တူသော သက်လတ်ပိုင်းစုံတွဲတစ်တွဲသည် အပြင်ဘက်ရှိ ခေါက်ထိုင်ခုံများပေါ်တွင် ထိုင်လေ့ရှိပြီး အခြားအိမ်နီးနားချင်းများနှင့် နံနက်ခင်းစကားစမြည်ပြောဆိုလေ့ရှိသည်။

ခေါက်ထိုင်ခုံပေါ်တွင်ထိုင်နေသည့် အမျိုးသမီးက ဖန်ချန်းကို သတိပြုမိသွားပြီး "အလုပ်သွားပြီလား သား" ဟု နွေးထွေးစွာ နှုတ်ဆက်လာသည်။

ဖန်ချန်းက ခေါင်းညိတ်ပြလိုက်ပြီး "အန်တီဝူ" လို့ နှုတ်ဆက်လိုက်ကာ "အန်ကယ်ရော ဘယ်မှာလဲဗျ" ဟု မေးလိုက်သည်။

အန်တီဝူက သက်ပြင်းတစ်ချက်ချလိုက်ရင်း မျက်လုံးမှိတ်ကာ ပြောလိုက်သည် "မနက်စောစောစီးစီး တခြားသူတွေနဲ့ လောင်းကစားလုပ်ပြန်ပြီလေ မနက်စာတောင် မစားရသေးဘူး... ပြောကြည့် သူပြန်လာရင်စားပွဲပေါ်မှာ ဒူးထောက်ရမှာမကြောက်ဘူးလား!?"

ဖန်ချန်းက ရယ်မောလိုက်ပြီးနှုတ်ဆက်ကာ လမ်းဆက်လျှောက်သွားလိုက်သည်။ စင်္ကြံလမ်းတွင် မနက်စာစားပြီး ပြန်လာပုံရတဲ့ ဖန်ယင်းယင်းကို တွေ့တာကြောင့်  နှုတ်ဆက်လိုက်သည်။

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now