Chapter 24

25 4 0
                                    

Ch24- လမ်းကြောင်းပြောင်းခြင်း

စီးကရက် မီးခိုးများက ကားအတွင်းခန်းထဲ လှည့်ပတ်နေခဲ့သည်။ ကျန်းရွေ့နှင့် ဝမ်ဟွေ့ဝမ်တို့သည် ချက်ချင်း မမောင်းကြသေးဘဲ အထဲမှာ ဆေးလိပ်သောက်နေကာ အဖွဲ့ကို စောင့်နေခဲ့ကြသည်။

အချိန်အတော်ကြာတဲ့အထိစောင့်နေခဲ့ပြီးနောက်တွင် ဘယ်သူမှ လိုက်မလာကြမှန်း သူတို့ သိလိုက်ရသည်။

ကျန်ူရွေ့က စတီယာရင်ကို လက်ဖဝါးနဲ့ စိတ်တိုစွာရိုက်လိုက်သည်..."ဒီတစ်ဖက်ပိတ်တဲ့လူတွေအားလုံးကတော့ ဦးနှောက်ဆဲလ်တစ်ခုကိုမျှသုံးနေကြလားမသိဘူး"

ဝမ်ဟွေ့ဝမ်က ကားအတွင်း၌ သိမ်းဆည်းထားသည့် နှုတ်ခမ်းနီကို ယူကာ သူမ၏ နှုတ်ခမ်းပေါ် လိမ်းလိုက်ပြီး စီးကရက်ကိုရှိုက်လိုက်သည်။ စီးကရက်ပေါ်တွင် အနီရောင်အရာတစ်ခုက ကွက်ကွက်ကွင်းကွင်း ကျန်ရစ်ခဲ့သည်။ သူမ၏ မျက်လုံးထောင့်များသည်မြင့်တက်သွားပြီး ထုတ်ဖော်မပြနိုင်သော အမူအရာဖြင့် သူမ၏မျက်နှာကို ဆုပ်ကိုင်လိုက်သည်။

ကျန်းရွေ့ : "အဲ့ရှဲ့ယင်းဆိုတဲ့ တစ်ယောက်က ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ပုံပေါ်တယ်.. အစတုန်းကတော့ သူမကို ငါတို့နဲ့အတူ ခေါ်သွားဖို့ စိတ်ကူးထားပေမယ့်..."

ဝမ်ဟွေ့ဝမ်က နည်းနည်းချဉ်နေသည့်အသံဖြင့် "သူမက လှလည်းလှတယ်မလား?"

ကျန်းရွေ့က ဝမ်ဟွေ့ဝမ်ပါးကိုညှစ်လိုက်ကာ အနမ်းတစ်ခုပေးလိုက်ပြီးပြောလိုက်သည် "အဓိပ္ပာယ်မရှိတာ..ကိုယ်ဘယ်သူ့ကိုကြိုက်လဲဆိုတာ အခုထိမသိသေးဘူးလား?"

ဝမ်ဟွေ့ဝမ်က သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ချိတ်လိုက်ကာ အလိုလို အနမ်းတုံ့ပြန်လိုက်သည်။ နှစ်ယောက်သား ခဏလောက် ပူးကပ်ပြီးနောက် မတည်မငြိမ် အသက်ရှူသံများဖြင့် ခွာလိုက်ကြသည်။

"သူတို့မလိုက်လာဘူးဆိုရင်လည်း ထားလိုက်တော့ ကိုယ်တို့ဘာသာပဲသွားကြရအောင်" ကျန်းရွေ့က ရဲရင့်တဲ့ပုံစံဖြင့်ပြောလိုက်ကာ  သူကြုံတွေ့ခဲ့ရသည့် ညအမှောင်ကို ကြောက်ရွံ့သည့်အရိပ်အယောင်ကို မပြဘဲနေလိုက်သည်။

လူ့ဘုံမှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now