Part (15)

7.5K 956 108
                                    

unicode

Jungkook၏ကျောပြင်ထက်မှာ တင်ဆောင်ချီပိုးလာခဲ့သည့်မင်းသားလေးက ရှိုက်သံတော့တစ်ခါတစ်ခါထွက်နေသေးပေမယ့် အငိုတိတ်သွားခဲ့ပြီဖြစ်ကာ မျက်လုံးလှလှက နီရဲမို့အစ်နေသည်။

Jungkookတို့သွားသည့်လမ်းတစ်လျှောက်အနောက် ကြောင်ဖြူလေးကလည်း ဝေ့လည်ဝေ့လည်ဖြင့် ထပ်ကြပ်မကွာလိုက်ပါနေကာ သူ့ကိုကယ်တင်ပေးခဲ့ပါသော သခင်နှစ်ဦးကို အားကိုးကပ်တွယ်လိုဟန်ပေါ်သည်။

" ဟို... ငါ...လမ်းမလျှောက်နိုင်တော့လို့ တောင်းပန်ပါတယ်... ဒူးကအရမ်းတုန်နေတာ.. မင်း.. လေ့ကျင့်ခန်းလုပ်တာပျက်ကုန်ပြီ.. ငါ့ကြောင့်နဲ့...."

Taehyungသည် Jungkook၏လည်တိုင်လေးကိုဖက်တွယ်လျက် အားနာလှစွာ ဆိုလိုက်မိလျှင် Jungkookက Taehyung၏ခန္ဓာကိုယ်ကို တစ်ချက်ပင့်တင်ဟန်ပြုသည်။

" မပျက်ပါဘူး.. ဒါလည်း... လေ့ကျင့်ခန်းပဲလေ..."

" အာ..."

Jungkookဘက်ကနေ အကောင်းတွေးပေးမှုကြောင့် Taehyungမှာ ရှက်ရွံ့ကြည်နူးစွာ အပြုံးရေးရေးလေးဖြစ်တည်သည်။ အစောပိုင်းတုန်းက Taehyungကို အငိုတိတ်ရန် Jungkookပြောပေးခဲ့သောစကားက Taehyungရင်ကိုနွေးနေဆဲ။ အလှပျက်လိမ့်မယ်..တဲ့..။ ထိုစကားကြောင့် Taehyungသည် နောက်နောင်ငိုသည့်အဖြစ်မရှိရအောင် ထိန်းချုပ်ရမည်ဟု မိမိကိုယ်ကိုယ် ကတိအထပ်ထပ်ခံလိုက်သည်။

" မနက်စာကို... ငါရဲ့အဆောင်မှာ.. အတူစားသွားမလား...."

Taehyung၏အဆောင်ထိတိုင် ပြန်လိုက်ပို့ပေးသည့်Jungkookကို Taehyungဘက်ကနေ အရဲစွန့်၍ ဆိုလိုက်ပါသည့်စကား..။ Jungkookဘက်ကနေ ခေါင်းညိတ်လက်ခံလိုက်သည့်အခါ ဗိုလ်ချုပ်သား၏ကျောထက်ပြန်လိုက်ပါလာသော မင်းသားလေးတို့ပုံရိပ်ကြောင့် တအံ့တသြပါးစပ်စေ့ပိတ်ရန်အထိ မေ့လျော့နေသော Minjiနှင့်Shinheeတို့မှာ မင်းသားလေးတို့နှစ်ယောက်အတွက် မနက်စာပြင်ဆင်ရန် ကပျာကယာလုပ်ဆောင်ရတော့သည်။

" ညောင်~....."

" ဟင်?.. မင်းလည်း.. လိုက်လာတာလား.. "

မနက်စာကို ပန်းဉယျာဥ်ထဲက စားပွဲဝိုင်းတွင်သာ သုံးဆောင်ရန်ပြုလုပ်ထား၍ အဆောင်အပြင်ကိုပြန်ထွက်လာသည့်Taehyungသည် အသံပေး၍ သူ့ခြေထောက်ထံနားတိုးဝှေ့ပွတ်သပ်လာပါသော ကြောင်ဖြူလေးကြောင့် တအံ့တသြလေးနှင့်ငုတ်တုတ်လေးထိုင်ချကာ ကြောင်လေးကိုကောက်ယူပွေ့ပိုက်ကာ ပွတ်သပ်ပေးသည်။

Royal: Omega's Love Story (Complete)Where stories live. Discover now