Part (17)

6.7K 940 220
                                    

unicode

အခန်းထဲက ကုတင်ထက်၌ ပက်လက်လှန်လျက် မျက်နှာကြက်ကိုမျက်နှာမူနေသော မင်းသားငယ်လေးသည် Jungkookကိုသွားတွေ့ပြီးတည်းက ထိုပုံအတိုင်းအသိစိတ်လွတ်နေခဲ့တာဖြစ်သည်။

Jungkookက.. Taehyungကပဲ သူ့ရဲ့mateဖြစ်လာရလိမ့်မယ်ပြောခဲ့တာ...။

အဲ့တုန်းက Taehyungသည်မည်သို့တုံ့ပြန်စကားဆိုရမည်မသိ ဖြစ်သွားလျက် ဆွံ့အမှင်သက်သွားခဲ့ရသည်။

" မိုးချုပ်နေပြီ... ကျွန်တော်.. ပြန်လိုက်ပို့ပေးမယ်..."

" အော?... အော...."

Jungkookစကားကြောင့် အသိစိတ်မကပ်ဖြစ်နေသေးသည့်Taehyungကို Jungkookဟာ Taehyung၏အဆောင်ရှေ့ထိတိုင် လိုက်ပို့ပေးခဲ့သည်။

ပြီးလျှင် ပြန်လှည့်မထွက်သွားခင် အချိန်အပိုင်းအခြား၌ သတိပေးသလို စကားတစ်ခွန်းဆိုသွားသေးသည်။

" နောက်ထပ်တစ်ခါ... ဒီလိုစကားကို ထပ်မပြောပါနဲ့... မင်းသားလေး..."

တကယ်ကြီးလား?.. မဟုတ်မှ အိပ်မက်များလား?...

" အ.. နာတယ်ဟ..."

Taehyungသည် အစောပိုင်းကဖြစ်စဥ်များကို ဇဝေဇဝါဖြစ်နေဆဲမို့ မိမိ၏ပါးဖောင်းဖောင်းကိုအားနှင့်ဆွဲညှစ်ကြည့်လိုက်သည့်အခါ နာကျင်မှုကိုခံစားလိုက်ရ၍ အသည်းပုံသဏ္ဍာန်နှုတ်ခမ်းသားမှာ တဖြည်းဖြည်းပြုံးရိပ်သန်းလာခဲ့လျက် သြရှရှအသံလေးမှာ အောင်ပွဲခံသလိုမျိုး မြူးထူးစွာဟိန်းထွက်လာတော့သည်။

" အား!.. အိပ်မက်မဟုတ်ဘူး!... Jeon Jungkookကို ယောက်ျားတော်ရတော့မယ်.. ဟားဟားဟား....."

မင်းသားငယ်လေး၏ မွေ့ရာထက် ဟိုဘက်လှိမ့်၊ ဒီဘက်လှိမ်ဖြင့် ပျော်ရွှင်စွာကြွေးကြော်နေသံမှာ ညသန်းခေါင်ယံ၌ တိတ်ဆိတ်နေသည့်နန်းဆောင်လေးထဲ ဟိန်းထွက်နေခဲ့သည်မှာ အချိန်အတန်ကြာ။

" ဝါး....."

နောက်တစ်နေ့မနက်၌ Taehyungသည် ညကမြူးထူးနေခဲ့၍ အခန်းတွင်းပင်ပတ်ပြေးသည်အထိစိတ်လှုပ်ရှားပျော်ရွှင်ခဲ့မှုက မိုင်ကုန်ဖြစ်၍ အိပ်ရေးမဝဘဲ ငြီးစိစိဖြစ်နေသည်။ အိပ်ရာထနောက်ကျမှုကြောင့် Jungkookကိုလည်း မနက်အစောလမ်းထလျှောက်ပြီး ငမ်းကြောသွားမထနိုင်။

Royal: Omega's Love Story (Complete)Where stories live. Discover now