အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်
Ep 1"၆လပိုင်း၁ရက်နေ့ တနလာ်နေ့ ကျောင်းများစဖွင့်တဲ့နေ့ပေါ့။ကျွန်တော် Lisice School ဘော်ဒါဆောင်ကိုရောက်လာတဲ့အကြောင်းရင်းကတော့ ကျွန်တော်ရဲ့ နှစ်ယောက်မရှိတဲ့ အဖေကြောင့်ဖြစ်တယ်။ အဖေပေါ့ ကျွန်တော့်ကိုကျောင်းမတက်ရင် အမေ့ အုပ်ဂူကိုဖျက်ဆီးမယ်ပြောတာပေါ့။ အဲ့ဒီ့အဖိုးကြီးက အကျပ်အရမ်းကိုကိုင်တက်တယ်။ ထားပါ ကျွန်တော်ဆက်မပြောချင်တော့ဘူး ။ကျောင်းသွားဖို့ပဲပြင်တော့မယ်။"
ဆိုပြီး သူ၏ noteထဲတွင် ရေးခဲ့သည်။ satangသည် အမြဲတန်း တစ်နေ့တာဖြစ်ပျက်ခဲ့သမျှကို noteထဲ၌ရေးလေ့ရေးထားရှိသည်။
သူရေချိုးပြီး ကျောင်းသွားဖို့ စက်ဘီးယူပြီး ဘော်ဒါဆောင်ကနေ ကျောင်းသို့သွားသည်။ ကျောင်းသိုသွားရာ ၅မိနစ်သာကြာသည်။
________________________________ကျောင်းတွင်
စက်ဘီးရပ်ပြီး အတန်းထဲသို့သွားရန်ပြင်လိုက်ချိန်မှာပဲ လူတစ်ယောက်နဲ့တိုက်မိသွားသည်။သူမော့ကြည့်လိုက်ချိန်မှာ ဆံပင်စုပ်ဖွားနဲ့ ပါးဖောင်းဖောင်းနဲ့ သူတစ်ယောက်ဖြစ်သည်။ သူသည်ဘာမှမပြောပဲနဲ့ ထွက်လာဖို့ပြန်လိုက်တယ်။ထိုချိန် သူလူသည် သူ၏လက်ကိုဆွဲလိုက်သည်။satangတစ်ယောက် ထိုလူ၏ ရင်ခွင်ထဲသိုပြိုလဲရောက်ရှိသွားသည်။ သူမြန်မြန်ပြန်ထပီး ထိုလူကိုကြည့်လိုက်ပြီး။
"ဟေ့ မင်းဘာကောင်လဲ ဘာလို့ငါကိုဆွဲလိုက်တာလဲ"
ဆိုပြီး ခါးထောက်ပြီးပြောဆိုနေသည်။
"ဟ မင်းငါကိုဝင်တိုက်ပြီး ပြန်မတောင်းပန်သွားဘူးလေ"
"မင်းကကျောင်းသားသစ်လား ၊အော် ကျောင်းသားသစ်ဆိုတော့ ငါကိုဘယ်သိမလဲ မသိရင်မှတ်ထား ငါကဒီကျောင်းက နှစ်ယောက်မရှိတဲ့ဇိုး winnyတဲ့ မှတ်ထား"
ဆိုပီး အော်ပြောလိုက်တယ်။
"ဇိုးဆိုပြီး လာကြွားမနေနဲ့ ငါကမင်းနံမည်လဲအားအားယားယား မှတ်မထားနိုင်ဘူး"
ဆိုပြီး ထွက်လာလိုက်တယ်။
Winnyတစ်ယောက် ဒေါသထွက်ပြီးသာကျန်ခဲ့တယ်။
"တောက်!! ငါကိုမခံ့လေးစားလာလုပ်တယ်ပေါ့ မင်းမှတ်ထား"
ဆိုပြီးကျိန်းဝါးနေတယ်။
________________________________
In classအားလုံးက ကိုယ့်နေရာနဲ့ကိုယ်ထိုင်နေကြချိန် ဆရာမက အတန်းထဲဝင်လာတယ်။
"ကဲ သားတို့သမီးငြိမ်ငြိမ်ကိုယ်နေရာနဲ့ကိုယ်ထိုင်ကြ
ဒီနှစ်က အရင်နှစ်ကသူငယ်ချင်းတွေလဲရှိသလို ကျောင်းပြောင်းလာတဲ့လူတွေလဲရှိကြတယ်။ အခု G-10 class(A) ကိုပြောင်းလာတဲ့ ကျောင်းသားသစ် နှစ်ယောက်ရှိတယ်။လာသားတို့ဝင်လာခဲ့ကြ။"ထိုချိန် ဝင်လာတဲ့လူနှစ်ယောက်က satangနဲ့ Poud တို့ဖြစ်တယ်။
"ကဲသားတို့ မိတ်ဆက်လိုက်ကြအုံး ကိုယ့်ကိုကိုယ်"
"ငါနာမည်satang"
"ငါကpond"
အတန်းထဲကလူများဆီကတီးတိုးပြောသံများ
၁."pondဆိုတဲ့တစ်ယောက်ကမိုက်တယ်နော် body ကရှယ်ပဲ"
၂."satangပုံကြည့်ရတာ ဇိုးဖြစ်ပုံရတယ်နော်"
၃."ဟိဟိ အဲ့ဇိုးလေးကိုလိမ္မာအောင်လုပ်ပေးသူကငါပဲလေ"
၄."စိတ်ကူးရင်မနေ ချေမဲ့ပုံကြီး"ထိုချိန်
" ကဲကဲ တိတ်ကြတော့ winny phuwinရော ဘယ်ရောက်နေတာလဲ"
ပြောပြီး winnyက
"သူမလာသေးပါဘူး ဆရာမ"
"သူမလာသေးတာနဲ့အတော်ပဲ satangသွား သားwinnyနားမှာသွားထိုင်"
*ဘာလို့ငါ့နားမှာလဲဆရာမကလဲ*
ဆိုပြီး winnyစိတ်ထဲတွင်တွေးနေလိုက်သည်။Satangလဲ winnyနားမှာဝင်ထိုင်လိုက်တယ်။ထိုချိန်
"ဆရာမ ဆောတီး သားအိပ်ရာထနောက်ကျသွားလို့"
"ဟဲ့ phuwin ဒီနေ့ကျောင်းစဖွင့်တဲ့နေ့နော် ကျောင်းစဖွင့်တဲ့နေ့မှာတော့ မင်းစောစောလာသင့်တယ်နော်"
Phuwinလဲ သူအပြစ်လုပ်ထားမိတဲ့အတွက် ခေါင်းသာငုတ်နေမိတယ်။
"သားpond ဟိုနားကနေရာလွတ်မှာသွားထိုင်သား phuwin သားလဲ သူနဲ့တူတူ သွားထိုင်"
ဆိုပြီး ဆရာမကပြောတယ်။
"အာလုံးလဲလူဆုံပြီဆို စာစသင်ကြတာပေါ့"
______________________________
ကလင် လလင် ကလင်(ဘဲလ်တီးသံ)"ကဲ မုန့်စားကျောင်းဆင်းပြီ ဆိုတော့ ဆရာမသွားပြီ"
"ဟုတ်ကဲ့ပါ ဆရာမ"(All)
(6.30.2024)
Sunday
YOU ARE READING
အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)
Fanficအမုန်းများကြားမှာ ဘယ်လိုပန်းတွင်ပွင့်မလဲ Winnysatang Pondphuwin Fanfic