Ep7

786 54 2
                                        

အမုန်းများကြားတွင် ပွင့်သောပန်းတစ်ပွင့်
Ep7

အတန်းထဲတွင် လူတော်တော်စုံနေပြီ အနောက်ကျဆုံးက phuwinအပြင်ဘယ်သူရှိအုံးမလဲ...

"ဆရာမ သားကနောက်ကျချင်လို့နောက်ကျတာမဟုတ်ပါဘူးသား..."
"ပြောပါအုံး ဘယ်လိုဆင်ခြေပေးအုံးမလဲ..."

"ပေးစရာဆင်ခြေတွေကုန်သွားပြီ ဆရာမရဲ့..."

"နင်ပြောင်စပ်စပ်နဲ့နော် သတိထားနေ သွားထိုင်ဝောာ့"

ဆရာမခွင့်ပြုချက်ရသည်နှင့် သူနေရာတွင်အပြေးအလွှားသွားထိုင်တယ်။ သူ့ဘေးနာက pondကတော့ ရယ်ချင်တာမနည်းထိန်းထားရတယ်။
_________________________________
ထမင်းစားနားတော့ phuwinနဲ့winnyတို့နှစ်ယောက် canteen ကိုထွက်လာကြတယ်။

သူတို့နှစ်ယောက်စားဖို့ ထမင်းနဲ့ ကြက်သားဟင်း တစ်ယောက်တစ်ပွဲဆီယူလာကြတယ်။ထိုင်ခုံနေရာရှာပြီး ထိုင်လိုက်တယ်။ ထမင်းစားနေတုံး winnyက စကားဆိုလိုက်တယ်...

"ဆိုစမ်းပါအုံး ကျောင်းနောက်ကျတဲ့အကြောင်းအရင်း"

Winnyပြောလိုက်တဲ့စကားကြောင့် မနက်ကအကြောင်းကိုသတိရသွားတယ်။ သူပြောရင်ကောင်းမလား ဒါမှမဟုတ် မပြောပဲနေရင်ကောင်းမလား သူဝေခွဲမရတော့ဘူး..သူရှက်ကလဲရှက် ပြောလဲပြောမထွက်နဲ့ တစ်ယောက်ထဲစဉ်းစားခန်းဝင်နေလေရဲ့....

"ဟျောင့် မေးနေလေတယ် ပြန်ဖြေလေ"

"အေးပါ..တစ်ခြားမဟုတ်ပါဘူး ငါ..ငါ..ငါအိပ်ယာ..ထနောက်ကျလို့..ဟုတယ် ငါအိပ်ယာထနောက်ကျလို့..ဒါပါပဲ စားစားသူငယ်ချင်း မင်းစားပြီးရင် ၉တန်း‌ဆောင်ဘက်သွားရအောင် အဲ့မှာအသစ်ပြောင်းလာတဲ့ကောင်မလေးက တော်တော်ချောတယ်တဲ့ သွားရှိုးရအောင်..."

Winny ချောတယ်ဆိုပြီးအသံကြားတာနဲ့ ထမင်းစားလိုက်တာ ခနလေးနဲ့ကုန်သွားလေရဲ့...
__________________________________
Satangတစ်ယောက်ကတော့ ဆရာမကသူ့ရုံးခန်းထဲ စာအုပ်တွေသွားထားခိုင်းတာကြောင့် pond နဲ့သူ သွားထားပေးနေတာဖြစ်တယ်..ထမင်းတောင်မစားသေးတဲ့ သူတို့နှစ်ယောက်က ဗိုက်စာနေသော်လဲ ဆရာမစကားကြောင့် မလွဲသာပဲသွားပို့ပေးတာဖြစ်တယ်...

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)Where stories live. Discover now