Ep21

363 30 1
                                    

အမုန်းများကြားတွင် ပွင့်သောပန်းတစ်ပွင့်
Ep21

ဒီနေ့တော့‌ဘာလိုလိုနဲ့အချိန်တွေကုန်ပြီး သီတင်း‌ကျွတ်ကျောင်းပိတ်ရက်သို့ ရောက်လာခဲ့တယ်။ သူတို့၄ယောက်သား စားသောက်ဆိုင်တစ်ဆိုင်မှာချိန်းထားကြတယ်။သူတို့လဲအပြင်မှာမှန့်မထွက်စားရတာကြာပြီဆိုတော့...

"Winny ငါဒါဝတ်ရမလား"
Satang အကျီနက်ပြာ shirtကိုကိုင်ပြီးမေးနေလေရဲ့

"ချစ်နဲ့သိပ်လိုက်တယ်"

"အွန်း ငါ့အထင် ငါမကြိုက်ဘူး"
Satangနောက်တစ်ထည်ထပ်ထုတ်လိုက်တယ်။ဒီတစ်ခါ အဝါနုရောင် hoodie...

"ဒါလေးငါနဲ့လိုက်မလား"

"အချစ်ကဒါလေးဝတ်ရင် ပိုပြီးချစ်ဖို့ကောင်းမှာ"
"အွမ်းးးးး မကောင်းသေးဘူး"
လက်ထဲက hoodieကိုချပြီး အဖြူရောင် T-shirtကိုထုပ်ပြီး ထပ်မေးလိုက်တယ်..

"ဒါလေးကော"

"အချစ်လေသာဝတ်လိုက်ရင်ယုန်ပေါက်လေးဖြစ်သွားမှာ"

"ယုန်မဖြစ်ချင်ဘူး"

"ဟမ်.."

"ဒါလေးဆို ငါနဲ့လိုက်မလားwinny"
ဒီတစ်ခါက အနက်ရောင် hoodieဖြစ်တယ်

"အိုးးး အချစ်ရယ် တော်ပါပြီ အချစ်ကဘာဝတ်ဝတ်အရမ်းချစ်ဖို့ကောင်းတယ်"

"ငါ့အထင် ဒါလဲ မကောင်း..."

"ကောင်းတယ် ဒါပဲဝတ်လိုက်နော် နောက်ကျနေလိမ့်မယ် သွားသွား မြန်မြန်လဲပြီးထွက်လာခဲ့နော်"

Winny satangကိုရေချိုးခန်းထဲ တွန်းထည့်ပြီး satangဖွသွားတဲ့ အဝတ်အစားတွေကို လိုက်သိမ်းနေရတယ်။တစ်ဖက်မှာတော့....

"Pond winnyတို့ကမရောက်လာသေးဘူးလား"

"လာမှာပေါ့ ငါတို့ကစောရောက်နေတာနော်"

"ဟမ် ဟုတ်သား"

Phuwinနာရီကြည့်လိုက်တော့ အခုမှ၁၁နာရီ သူတြိ့ချိန်းထားတာ ၁၂ ၁နာရီတောင်ပင်။အဲ့လိုစောနေရတာလဲ phuwinကြောင့်ပင်ဖြစ်တယ်။
လွန်ခဲ့သော ၁နာရီခန့်က...

"Phuwinငါတို့ ဟိုရောက်ရင်ဘာစားကြမလဲ"

"ဘာစားမလဲမပြောနဲ့သွားကြမယ် ငါပျင်းနေပြီ"

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)Where stories live. Discover now