Ep15

607 48 3
                                        

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်
Ep15

ဒီနေ့ကကျောင်းမှာထူးထူးခြားခြားသတင်းတစ်ခုကပျန့်နေတယ်။အဲ့သတင်းကတစ်ခြားသတင်းမဟုတ် စာမေးပွဲမေးခွန်းတွေပေါက်ကြားကုန်တာဖြစ်တယ်။မေးခွန်းကလဲ တစ်ဘာသာထဲမဟုတ် ဘာသာအကုန်လုံးပေါက်ကြားသွားတာဖြစ်တယ်။စာမေးပွဲကလဲ ခနရပ်နားထားရတယ်။ဆရာမတွေလဲအကုန်အလုပ်ရှုပ်နေကြတယ်။မေးခွန်းတွေထာတဲ့ဆရာမကြီးရုံးခန်းရှေ့က CCTVကလဲ အဲ့နေ့ကမှပျက်နေလေရဲ့။ဘယ်သူခိုးပြီးဖျန့်လဲမသိ။အကုန်လုံးခေါင်းစားနေကြတယ်။winnyတို့ကလဲ ဘယ်သူလုပ်လဲဆိုတာသိချင်နေတယ်။ ဘယ်သူကများ ဒီကျောင်းကမေးခွန်းကိုခိုးရဲတာလဲပေါ့။ အရင်နှစ်ကလဲမေးခွန်းခိုးလို့ဆိုပြီး ကျောင်းထုတ်တဲ့အထိဖြစ်သွားသေးတယ်။ဒီနှစ်လဲတစ်ခေါက် နှစ်တိုင်းအလိုလိုဖြစ်နေပြီ။

"Phuwin မင်းဘယ်သူလို့ထင်လဲ"

"ဘာလဲအစမရှိအဆုံးမရှိနဲ့ ဘာကိုဘယ်သူလို့ထင်ရမှာလဲ"

"အော် မေးခွန်းခိုးတာကိုပြောတာလေ"

"အော် အဲ့တာလား....."

"...."

"မသိဘူးလေ"

"အာ‌မင်းဟာကလဲသိသလိုလိုနဲ့"

"ဟီး သိဘူး"

"မင်းကော satangဘယ်လိုထင်လဲ"

"ဘယ်သိမလဲ"

"အော်"

"မင်းဘာလို့လိုက်မေးနေတာလဲ သိချင်နေတာလား"

"အေး"
________________________________
နောက်တစ်နေ့မနက် winnyတို့ အခန်းထဲမှာထိုင်‌နေကျတုံး ဆရာမကြီးရယ် တစ်ခြားဆရာမနှစ်ယောက်ရယ်က အခန်းထဲဝင်လာပြီးပြောလေရဲ့။

"Winny!!"

"Winnyဘယ်မှာလဲ"

ဆရာမကြီးကဒေါသအသံဖြင့်ခေါ်လိုက်တာကြောင့် အားလုံကြောင်အသွားကြတယ်။winnyကသူကိုခေါ်တော့ မတ်တက်ထရပ်လိုက်တယ်။

"Winny မင်းမေးခွန်းစာရွက်တွေခိုးခဲ့တာမလား"

"ဗျာ ကျွန်တော်မခိုးဘူးး"

"မင်းနော် လက်ပူးလက်ချက်မိတာတောင် မင်းရုံးခန်းလိုက်ခဲ့"

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)Where stories live. Discover now