အမုန်းများကြားတွင် ပွင့်သောပန်းတစ်ပွင့်
Ep4
"ဟေ့ သားကြီး ဘာတွေလုပ်နေတာလဲ ငါလာတာတံခါးတောင် ထမဖွင့်ပေးဘူး"
"အခန်းသော့မင်းမှာရှိနေပြီးသားကို တစ်ကူးတစ်ကကြီးငါက လာဖွင့်ပေးစရာလား အားအားယားယား"
Phuwinသည် အိပ်ယာပေါ်၌လှဲနေပြီ Tvကို စိတ်ပါဝင်စားကြည့်နေရင်းဖြေလိုက်တယ်။
"ဒါနဲ့မင်းဘာလို့လာတာလဲ "
Winnyတစ်ယောက်လဲ ခေါင်းကိုသာကုတ်ရင် ခေါင်းသာခါလိုက်တယ်။
"ငါသိနေတယ်နော် မင်းဖားသားကြောင့်မလား"
Winnyသည်လဲဘာမှပြန်မပြောလာ ခေါင်းသာငုတ်နေလိုက်တယ်။phuwinကောင်းကောင်းသိပါသည်။winnyနဲ့သိတာ၃နှစ်လောက်သာရှိသေးပေမဲ့ငယ်ပေါင်းကြီးလိုဖြစ်နေလေရဲ့။ winnyအကြောင်းသူကောင်းကောင်းသိကောင်းကောင်းနားလည်သည်။မိသားစုအကြောင်းလဲအကြောင်းဆုံသိတာကတစ်ကြောင်း မိသားစုရေးကတိုက်ဆိုင်တာကတစ်ကြောင်းနဲ့ winnyအပေါ်မှာနားလည်ပေးနိုင်တာဆိုရင်phuwinတစ်ယောက်သာကှိမည်။
"မင်းကလဲဘာမှမဖြစ်ပါဘူး လာ ငါနဲ့ဂိမ်းဆော့မယ်"
"မဆော့ချင်ပါဘူး စိတ်ညစ်ပါတယ်ဆို"
"ဒါပဲလေ စိတ်ညစ်တယ်ဆိုရင် mobile legends တစ်ပွဲလောက်သွားနွဲလိုက်ရအောင် ဝင်ခဲ့လာလာ"
"အေးအေး"
Winnyနဲ့phuwin ဂိမ်းထဲရောက်တော့ Rank ဆော့ဖို့ ဝင်နေကြတယ်။ ဂိမ်းထဲမှာ phuwinက နံမည်တွေလိုက်ဖတ်နေရင်း....
"ဟေ့ ဟေ့ကောင် ဒီမှာ zilongကိုကြည့် နံမည်က satangတဲ့ မင်းဘေးနားမှာထိုင်တဲ့တစ်ယောက်လားမသိဘူး"
"ဘယ်မှာလဲ"
"enemy ဘက်မှာ"
Winnyကြည့်လိုက်တော့ zilong collector skinကြီးနဲ့ နံမည်ကလဲ satangတဲ့ ဘေးမှာ အသည်းပုံ stickerလေးနှစ်ခုကဝန်းရံထားတယ်။(♡satang♡)
Winnyတစ်ယောက်နည်းနည်းတော့ရယ်ချင်သွားတယ်။ဘာလို့လဲဆိုတဲ့ကျောင်းမှာဆို ခပ်ချေချေနေတဲ့သူက အခုကြတော့ ချစ်ဖို့တစ်အားကောင်းအောင် လုပ်ထားတယ် နံမည်ကိုသာခနခနပြန်ကြည့်နေမိတာ winnyတစ်ယောက်ပါပဲ။
YOU ARE READING
အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)
Fanfictionအမုန်းများကြားမှာ ဘယ်လိုပန်းတွင်ပွင့်မလဲ Winnysatang Pondphuwin Fanfic
