Ep24

612 38 0
                                        

အမုန်းများကြားတွင် ပွင့်သောပန်းတစ်ပွင့်
Ep24

"ကိုယ်လိုက်ပို့ပေးမယ်"

"မလိုပါဘူးဆို"

Satang သူ့အဖေအိမ်ကို ဒီနေ့သွားရမှာဖြစ်တယ်။တစ်ယောက်ထဲသွားမယ်ပြောတာကို လိုက်ပို့မယ်ကြီးအတင်းလုပ်နေသူကတော့ winny ပဲဖြစ်ပါတယ်။

"အချစ်ကလဲ ကိုယ်ကလိုက်ပို့ပါမယ်ဆို"

"မလိုဘူးလို့"

"ဘာလဲအချစ်က အချစ်ဖေဖေနဲ့ကိုယ်ကိုမိတ်မဆက်ပေးချင်လို့လား"

"ငါ့အဖေနဲ့ငါတောင် စကားသိပ်ပြောတာမဟုတ်ဘူး"

Winnyမျက်နှာသိသိသာသာ ညိုးကျသွားတယ်။satangလဲဒါကိုသတိထားမိပါတယ်။သို့ပေမဲ့ သူwinnyကို ‌မခေါ်သွားချင်ပါ။သူ့အဖေနဲ့winnyပြသနာဖြစ်မှာကို သူမလိုလားပါ။

"ငါသွားပြီ တံခါးတွေသေချာပိတ် ညနက်ထိမနေနဲ့ အစားကိုပုံမှန်စား မနက်ဖြန်ညမဟုတ်ရင် မနက်ပိုင်းပြန်ရောက်မယ် ငါမရှိဘူးဆိုပြီး  လုပ်ချင်တိုင်းလျောက်မလုပ်နဲ့"

"..."

"ကြားလားwinny"

"အိုးးး သိပါပြီအချစ်ရယ် အချစ်မောနေအုံးမယ် သေချာသွားနော် ရောက်ရင်ဖုန်းဆက်နော် အချစ်မှာတာတွေအကုန်ကိုယ်သေချာမှတ်မိပါတယ်"

"ပြောတာပဲ"

"သေချာသွားနော်"

"သိတယ်"

Satangတက်သွားတဲ့ taxiနောက်ကိုကားဖြင့်winnyတိုးတိုးလေးလိုက်သွားလေရဲ့..သူsatangကိုစိတ်မချဘူး တစ်ခုခုဖြစ်သွားမှာကိုစိုးရမ်နေတာဖြစ်တယ်။

"အရှေ့ကအိမ်ပဲအစ်ကို"

"ဟုတ်ကဲ့ပါ"

Satangအိမ်ရှေ့မှာtaxiကိုရပ်ခိုင်းလိုက်တယ်။winnyကားကတော့ နည်းနည်းဝေးတဲ့နေရာမှာရပ်ပြီးကြည့်နေလေရဲ့..

Satangခြံထဲဝင်သွားတော့ မနက်ဖြန်အတွက်ကြိုပြီးစီစဉ်ထားတဲ့ဘောလုံးတွေ ထိုင်ခုံ စားပွဲတွေနဲ့ပြည့်နေတယ်။satangအိမ်ထဲကိုသာ တန်းတန်းမက်မက်ဝင်သွားလေရဲ့...

"အော်နင်လာပြီကို"

"...."

"အဟွန့် အမှိုက်စုပ်တွေအိမ်ကိုရောက်လာပြန်ပြီ အိမ်တော့ညစ်ပတ်တော့မှာပဲ"

"ဒီမှာ ‌ဒေါ်ဆိုဖိယာ ခင်ဗျားကြီးစကားပြောတာ သတိထားပြော အခုခင်ဗျား‌ကြီးရောက်နေတဲ့နေရာက ကျွန်တော်အမေနေရာနော်"

"နင်အမေကကောရှိသေးလို့လား သေသွားဖြစ်ကြာပြီ"

Satangတို့ စကားများနေကြတုံး satangအဖေဦးဝင်မော်ကရောက်လာတယ်။

"ဘာဖြစ်နေကြတာလဲ"

"အော် အစ်ကိုပါလား အစ်ကိုသူကိုခေါ်ထားတာလား"

"ဟုတ်တယ်လေ ဆိုဖိယာဘာလို့လဲ"

"ဆိုဖိယာမကြိုက်ဘူးအစ်ကိုရဲ့ အစ်ကိုသိရဲ့သားနဲ့"

သူရဲ့ပြောနေတဲ့အသံက ချွဲပစ်တဲ့အသံဖြစ်ပြီး အပြုအမှုကလဲ ချစ်ဖို့ကောင်းအောင်လုပ်ပြနေတာဖြစ်တယ်။

"ဆိုဖိယာကလဲ အစ်ကိုကဒီတိုင်းဖတ်လိုက်တာပါ"

"ဟွန့်"

"ဒါဆိုကျွန်တော်အခန်းထဲသွားတော့မယ်"

Satangလှေကားပေါ်တက်မယါအလုပ်..

"နေအုံး"

အသံလာယာကတော့ ဆိုဖိယာဆီကပါ။

"နင့်အခန်းကို ငါသားနေဖို့အတွက်ပြောင်းလိုက်ပြီ နင့်အတွက်အခန်းမရှိဘူး"

ဟမ်!!သား သားတဲ့လား ဘယ်တုံးက သူတို့မှာသားတစ်ယောက်ရှိသွားတာလဲ။ဘယ်တုံးကဗိုက်ကြီးပြီး ဘယ်တုံးကကလေးမွေးသွားလို့လဲ။

"နင်အတွေးထဲမှာဘယ်ကသားလဲလို့တွေးနေမှာပေါ့..ငါပြောပြမယ်..အခုငါမှာ နင့်အဖေနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ‌လေ..."

"ဟမ်!!"

Satangအံဩသွားတယ် အဖေဖြစ်သူနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီတဲ့။မယားငယ်ပြောမှသားဖြစ်သူကသိရတယ်။ပြီးတော့ သားဖြစ်သူရဲ့အခန်းကိုလဲသူ့သားအတွက်တဲ့။အဟက်!!တော်တော်ရယ်ရတာပဲ။

"နင်အံဩမနေနဲ့ နင့်အခန်းထဲက ပစ္စည်းတွေခုနကလေးတင် အမှိုက်ပုံးထဲသွားလွတ်ပြစ်ခိုင်းလိုက်ပြီ"

"ဘာ!!"
___________________________
(Oct.23.2024)
(Wednesday)

(Hana updateကိုကြိုးစားပြီးတင်ပေးပါမယ်နော် စာမေးပွဲကလဲနီးနေပြီမလို့ စာတစ်ဖက်နဲ့ဖြစ်နေလို့ပါခ🌸🌸)

#hana

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)Where stories live. Discover now