အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်
Ep10
သာယာလှပတဲ့မနက်ခင်းတစ်ခုမှာ Satangလေးတစ်ယောက်ခြံထဲမှာပြေးလွှားဆော့ကစားနေလေရဲ့။ရာသီဥတုကလဲ နေအရမ်းမပူအရမ်းလဲမအေးပဲနေလို့ကောင်းတဲ့ရာသီဥတုတစ်ခုဖြစ်နေလေရဲ့။သူ့ရဲ့ဆော့နေကျဘောလုံးလေးနဲ့ ပြေးဆော့နေရင်း ရေကန်တစ်ခုဆီသို့ရောက်သွားလေသည်။ဘောလုံးကိုဟိုပစ်ဒီပစ်နဲ့ဆော့နေရင်း ဘောလုံးကလေးကရေးကန်ထဲကျသွားလေရဲ့။ ကလေးတွေရဲ့သဘာဝအရ အန္တာရယ်ကိုမသိပဲ ရေကန်ရှိရာသိုပြေးသွားပြီး ရေကန်ထဲပြုတ်ကျသွားလေသည်။
"အားးးးး......မေ..မေ..အားးး.."
Winnyတစ်ယောက်သူခြံထဲရှိသစ်ပင်ပေါ်မှာစာဖတ်နေရင် ကလေးတစ်ယောက်အော်သံတိုးတိုးကလေးကြားနေလေရဲ့။အနောက်ရှိတစ်ဘက်ခြံထဲသိုလည့်ကြည့်ရာမှာ..
"ဟာ ဟိုတစ်ယောက်...ဟိုတစ်ယောက်ရေနစ်နေတာပဲ"
Winnyသစ်ပင်ပေါ်ကနေ ဟိုဘက်ခြံထဲရှိသစ်ပင်ပေါ်သို့ခုန်ပြီးကူးသွားလေသည်။ ပြီးနောက်အောက်ဆင်းပြီး satangရှိရာရေကန်နားကိုပြေးသွားကြည့်သည်။
"အားးး အန်တီရေ လာကြပါအုံး ဒီမှာအန်တီသားရေနစ်နေတယ် လာကြပါအုံးတစ်ယောက်ယောက်"
ပြောပြီးရေထဲဆင်းသွားပြီး satangကိုကယ်လိုက်တယ်။ သူလဲကလေးတစ်ယောက်ဖြစ်တော့ သူတစ်ယောက်ထဲမနိုင်ဘူးဖြစ်နေလေရဲ့..
ခနအကြာsatangအမေနဲ့ အဖေကအသံကြားပြီးပြေးထွက်လာကြတယ်။
"အယ်သားလေး ဖေကြီးရေလုပ်ပါအုံး"
"သားလေး"
ဦးဝင်းမော်အကူအညီဖြစ် satangကိုအပေါ်ပြန်ခေါ်လာကြတယ်။
"သား..သားလေ..မေမေ့သားလေး ထပါအုံး"
"သား..သား.."
"အဟွတ်..အဟွတ်"
"သားအဆင်ပြေရဲ့လား ဖေကြီးရေ ဆေးရုံကားမြန်မြန်ခေါ်ပါအုံး"
"အေး..အေး"
ပြောပြီး အထဲသို့ပြေးဝင်သွားတယ်။ ဒေါ်ယုယုဝင်းလဲ အခုထိအနားမှာရှိတဲ့ winny ကိုသတိထားမိပုံမပေါ်သေးပါဘူး။ winny ကောက်ထလိုက်မှ
"အော် သား သားရောအဆင်ပြေရဲ့လား အန်တီနားခဏလာပါအုံးသား"
"ရပါတယ် သားအိမ်ပြန်လိုက်အုံးမယ်"
YOU ARE READING
အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)
Фанфикшнအမုန်းများကြားမှာ ဘယ်လိုပန်းတွင်ပွင့်မလဲ Winnysatang Pondphuwin Fanfic
