Ep17

386 40 0
                                    

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်
Ep17

"ဒေါက် ဒေါက် ဒေါက်"

"လာပြီ"

"Hello အချစ်လေး"

"အာ winny မင်းပဲလား"
Winnyကsatangကိုချစ်ကြောင်းဝန်ခံပြီး နေ့ကစပြီးsatangရှိရာ အခန်းသို့နေ့တိုင်းလာသည်။သူလာတိုင်းလဲ လက်ထဲမှာ မှန့်တစ်ခုမဟုတ်တစ်ခုအမြဲလိုပါလာတက်တယ်။

"အထဲပေးဝင်ပါအုံး အချစ်ရဲ့"

Winnyကတော့အခုတစ်လော satangကို "အချစ်"ဟုနာမ်စားသုံးပြီးခေါ်လေ့ရှိတယ်။

"အချစ်လို့မခေါ်နဲ့"

"ဘာလို့လဲ အချစ်ကမကြိုက်လို့လား ဒါမှမဟုတ် ရှက်တာလား"

"ရှက်တာမဟုတ်ဘူး မကြိုက်လို့"

"အချစ်လေး ကိုယ့်ကိုကြည့်ပါအုံး ကိုယ်ကလွမ်းနေတာ"

"Winny ငါမင်းကိုအဖြေမပေးရသေးဘူးနော်"

"အဲ့တော့"

"အဲ့တော့ မင်းပြန်လိုက်တော့"

"အိုးးး ကိုယ်ကမင်းလေးကိုယ်ကို့ကိုချစ်အောင် မြူစွယ်ရမယ်လေ"

"ငါဘက်က ပြန်မချစ်ဘူးဆိုရင်ကော"

"ကိုယ်က အချစ်လေးကို မရရအောင် သိမ်းပိုက်မှာ"ဆိုပြီး Satang အနားကိုတစ်ဖြေးဖြေးတိုးသွားတယ်။

"မင်း ဘာစကားပြောတာလဲ"

"အော် အချစ်လေးက ဘာလို့ထင်နေတာလဲ ခိုးပြေးတာကိုပြောတာလဲ ဘာလဲ အတွေးတွေချော်ထွက်သွားတာလား"

"တော်ပြီ winny လိုရင်းကိုပြန်ပြောရ‌အောင်"

"အင်း"

"ဆိုတော့ မင်းဘာလာလုပ်တာလဲ"

"အော် ကိုယ့်ရဲ့အနာဂါတ်ချစ်သူဆီလာတာလေ ဘာလို့လဲ လာလို့မရဘူးလား"

"ပြန်တော့ ငါအိမ်စာတွေလုပ်စရာရှိတယ်"

"ငါဗိုက်စာတယ်"

"အဲ့တော့"

"တစ်ခုခုချက်ကျွေး"

"အိမ်မှာချက်စရာဘာမှမရှိဘူး"

"ငါယူလာတယ် ရော့"ဆိုပြီး ပါလာတဲ့ ပုစွန်တွေနဲ့ ကန်စွန်းရွက်တွေကို ပေးလိုက်တယ်။

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)Where stories live. Discover now