Ep12

735 57 7
                                        

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်
Ep12

ရက်တွေ လတွေကြာခဲ့ပြီ အခုဆို  satangကျောင်းတက်တာ ၅လလောက်ရှိနေပြီ။ကျောင်းလဲမပျက်ပဲမှန်မှန်တက်နေလေရဲ့။winny, phuwin နဲ့ pondတို့နဲ့လဲ တော်တော်ခင်လာကြပြီ။သိုပေမဲ့ အရမ်းခင်တဲ့ထဲမှာတော့မပါ။ pondကလဲ သူဘာသာသူစာကြိုးစားနေတယ်..winny နဲ့ phuwin နဲ့ကလဲ အားနေအလေလိုက်နေပြီ တစ်ခါတစ်လေမှ စာလုပ်တယ် သိုပေမဲ့ အဆင့်၁၀ထဲအမြဲဝင်နေတယ်။satangကတော့ စာလုပ်ပြီး အခန်းထဲမှာပဲအမြဲနေတက်တယ် တစ်ခါတစ်လေမှ အပြင်ထွကမလေ့ရှိတယ်။သူ့အဖေဖြစ်သူကလဲ သူဆီကိုလာမတွေ့တော့ လာတွေ့ခဲ့တာက လိုခဲ့တဲ့ ၃လခန့်ကပင်ဖြစ်တယ်။

ဒီနေ့ ကျောင်းကန်တင်းမှာ satang တစ်‌ယောက်ပုံမှန်ထမင်းစားနေတယ်။အဲ့ချိန် အနားကိုမမြင်ဘူးတဲ့ လူ3ယောက်လောက် satangအနားသို့ဝိုင်းထားကြတယ်။သေချာပေါက်satangမမြင်ဘူးတဲ့ ရုပ်တွေပါပဲ။

"မင်းလား winnyဆိုတဲ့ကောင်"

"မင်းကဘယ်သူလဲ ငါမင်းကိုမသိဘူး"ပြောပြီး ထမင်းပန်းကန်ကိုင်ပြီး ထွက်သွား‌ဖို့လုပ်လေရဲ့...
သို့သော် အဲ့လူ၃ယောက်ကတော့ သူ့နောက်ကနေလိုက်ပြီး အရှေ့ကနေပိတ်ရပ်လိုက်တယ်။

"ဒီမှာ မင်း မင်းဘာလိုချင်လို့လဲ ငါမင်းကိုလဲမသိဘူး"

"အေးမင်းမသိပေမဲ့ ငါမင်းကိုကောင်းကောင်းကြီးသိတယ်..မင်းကငါညီမအသည်းကိုခွဲသွားတဲ့ကောင် အေးအခုငါညီမ ရှက်လို့ဆိုပြီးကျောင်းတောင်မလာတော့ဘူး"

"မင်းညီမကကောဘယ်သူလဲ ငါမသိဘူး မင်းလူမှားနေပြီ"

ဆိုပြီး အရှေ့ကအရင်ထွက်သွားတယ် သျို့ပမဲ့အဲ့ကောင်ကတော့ satangက ဆွဲ‌လိုက်တာ Satangတစ်ယောက် နောက်ပြန်လန်ပြီး ‌‌လဲကျသွားတယ်။satangလဲ စိတ်တိုပြီး ချက်ချင်းပြန်ထပြီး အဲ့ကောင်ကိုထိုးလိုက်တယ်။ သူတို့ရန်ဖြစ်နေတာ ကျောင်းကန်တင်းမှာဆိုတော့ ကျောင်းသားများကိုဝိုင်းကြည့်နေကြတယ်။ခနအကြာ winnyက ကန်တင်းဘက်ထွက်လာတဲ့အချိန် satangတို့ရန်ဖြစ်တာနဲ့သွားတိုးပြီးတွေ့‌သွားလေရဲ့။ winnyကမြင်လဲမြင်ရော အသည်းအသန် satangအနားပြေးသွားလေရဲ့...

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)Where stories live. Discover now