Ep6

768 59 6
                                        

အမုန်းများကြားတွင် ပွင့်သောပန်းတစ်ပွင့်
Ep6

Winnyဖုန်းမီးထွန်းလိုက်တယ်။Satangကိုကြည့်လိုက်တော့ ဆိုဖာပေါ်ကို ခြေထောက်တင်ထားပြီး လက်နှစ်ဘက်နဲ့နားကိုအုပ်ထားတယ်။သူကြည့်ရတာကြောက်နေသည့်ပုံပေါ်တယ်။
Winny satangနားကိုထသွားလေတယ်။

"Satang မင်းအဆင်ပြေရဲ့လား"

Satangနားထဲမှာ winnyပြောသည်ကိုမကြား..သူနားထဲမှာကြားနေရတာက လွန်ခဲ့၅နှစ်ခန့်က အသံများပင်..

"Satang မင်းသွားလိုက်တော့"

"မင်းက ငါတို့မိသားစုနဲ့မတန်နဲ့ကောင်"

"မင်းမမွေးလာသင့်ဘူး"

"မဟုတ်ဘူး မဟုတ်ဘူး"

Satangနားပိတ်ပြီး အော်နေလေရဲ့။

"မဟုတ်ဘူး ထွက်သွား ထွက်သွား"

"Satang မင်းဘာဖြစ်တာလဲ ငါWinnyလေ ငါပြောတာနားထောင်အုံး"

"ဟင်းးးးးးး မဟုတ်ဘူး မေမေ သားကြောက်တယ် ငါကိုလာခေါ်ပါအုံး ငါမနေချင်‌တော့ဘူး"

"အဟင့်"

Winnyတစ်ယောက် satangကိုကောက်ဖက်လိုက်တယ်။သူအဲ့လိုလုပ်မှပဲရမယ်လေ မဟုတ်ရင် satangတစ်ယောက်သူကိုဆက်တွန်းနေအုံးမှာ အသေချာပင်..

"ဟင့်မေမေ သားကြောက်တယ်"

ခနအကြာ satang အသံတိတ်သွားတယ်။ winnyလဲ satangကို လွတ်ပေးလိုက်ပြီး ကြည့်လိုက်တယ်။

"Winny ငါ..ငါ.."

"ရရဲ့လား မင်းအဆင်ပြေလား"

Winnyသည်"ဘာဖြစ်တာလဲ" လို့မေးချင်ပေမဲ့ ဒီလိုအချိန်ကြီးမှာမမေးသင့်သေးကြောင်း သူသိသည်။

"မပျက်တာ ခနနေဆိုပြန်လာမှာပါ အပြင်မှာတော့ မီးတွေလာနေတယ် ကြည့်ရတာ အဆောင်က မီးတစ်ခုခုဖြစ်တာထင်တယ်"

"အင်းး...."

Satangသည်"အင်းး...."တစ်လုံးထဲ ဖြေလိုက်တယ်။
ခနအကြာ မီးပြန်လာတယ်။

"ငါ ပြန်လိုက်ရမလား ဒါမှမဟုတ် ငါမင်းကိုစောင့်ပေးရအုံးမလား...."

"ရပါတယ် မင်းပြန်တော့ ဟိုအထုတ်ကိုတော့ ထားခဲ့လိုက်တော့"

"ဟမ်..မင်းရတာသေချာရဲ့လား..မင်းပုံစံကြည့်ရတာ...."

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)Where stories live. Discover now