အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်
Ep14
"Winny မင်းမှားနေတယ်လေ အဲ့လိုမဟုတ်ဘူး"
"ဟမ် ဘာမှားလို့လဲ မှန်တယ်မဟုတ်လား"
"ဒီဟာက ဒီလို...."ဆိုပြီး satangကwinnyကိုစိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးနေလေရဲ့။winnyကတော့ နားထောင်ရင်းနားလည်ဖို့မနည်းကြိုးစားနေရတယ်။phuwinကတော့ pondနဲ့ စားစရာတစ်ခုခုပြင်နေတယ်။
"ဟ phuwin ဆီတွေထည့်တာများနေပြီ"
"ဟမ် ဟုတ်လား..ဘယ်လို ပြန်လျော့ရမလဲ"
"ရပြီရပြီ အနေတော်ပဲ"
Phuwin နဲ့ pondက ကြက်သားအကြွပ်ကြော်ကြော်နေတာဖြစ်သည်။ကြက်သားကို အကြွပ်မှန့်တွေနဲ့နယ်ပြီး ကြော်နေကြတာဖြစ်တယ် KFCကြက်ကြော်လိုပေါ့။နှစ်ယောက်သားသူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ။ဒါပေမဲ့ တစ်ချို့တစ်ဝတ်ကတော့ တူးနေပြီ..
ခနအကြာ တူးနက်အနည်းငယ်ထွက်နေတဲ့ ကြက်သားကြော်နဲ့အတူ pondတို့က ရောက်လာတယ်။
"စားကြ ငါရယ် pondရယ်ကြော်ထားတာ"
"Phuwin မင်းဟာကဆီတွေအရမ်းများပုံပဲ"
"နည်းနည်းများသွားတာ ဘာလို့လဲ"
"ဆီများရင် ငါမစားတက်ဘူး"
"အော် satang ဒါလေးများ လွယ်လွယ်လေး မင်း..မင်းမစားနဲ့ပေါ့ကွ ဟားးဟားး"
"...."satang ဘာမှပြန်မပြောတော့ပါ။သုံးယောက်သား ကြက်ကြော်ကို စားနေကြချိန် satangက စာကိုပဲထိုင်လုပ်နေတယ်။satangမစားရတာကို မကြည့်ရက်တဲ့ winnyကတော့အကြွတ်မှန့်တွေနဲ့ကြော်ထားတဲ့ အပေါ်ပိုင်းလေးကိုဖယ်ပြီး အထဲက အသားလေးတွေကို ပန်းကန်ထဲသေချာထည့်ပြီး satangဆီကိုသွားလေရဲ့...
"ရော့"
"ဘာလဲ"
"မင်းအတွက် ငါဆီများတဲ့ အပေါ်ပိုင်းကိုဖယ်ပြီးအထဲက အသားတွေကို ငါကိုယ်တိုင်ဖဲ့လာပေးတယ် စားလိုက်"
"တော်ပြီ ခနနေငါပြန်တော့မှာပဲကို မစားတော့ဘူး"
"မစားတာလား မစားချင်တာလား"
"နှစ်ခုလုံး"
"စားပါကွာ နည်းနည်းလေးဖြင့်"
YOU ARE READING
အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)
Fanfictionအမုန်းများကြားမှာ ဘယ်လိုပန်းတွင်ပွင့်မလဲ Winnysatang Pondphuwin Fanfic
