အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်
Ep9Satang နဲ့ winnyတို့နှစ်ယောက် အပြန်လမ်းမှာ တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြပါ။စကားပြောဖို့နေနေသာသာ တစ်ယောက်နဲ့တစ်ယောက် လှည့်တောင်မကြည့်ပါ။ခနအကြာwinnyစားသောက်ဆိုင်တစ်ဆိုင်ရှေ့မှာကားကိုထိုးရပ်လိုက်တယ်
"မင်းဘာလုပ်မလို့လဲ ဝင်စရာရှိလို့လား"
Winnyဘက်ကိုလှည့်ပြီးမေးနေလေရဲ့။
"မဟုတ်ဘူး...."
"ဒါဆိုဘာလို့ရပ်တာလဲ..."
"အခု၁နာရီထိုးပြီလေ နေ့လည်စာစားရမဲ့အချိန်လေ.."
"အဲ့တော့..."
"သွားစားမယ်လေ ငါဗိုက်တွေလဲဆာနေပြီ မင်းလဲလိုက်ခဲ့..."
"တော်ပြီ မလိုက်တော့ဘူး ငါဘာသာငါပဲကားဌားပြန်တော့မယ်"
"Satang မင်းဘာဖြစ်နေတာလဲ..."
"ငါဘာဖြစ်လို့လဲ"
"မင်းကျောင်းစဖွင့်ထဲက မင်းငါကိုကောင်းကောင်းမွန်မွန်တစ်ခွန်းမှမင်းမပြောခဲ့ဘူးနော်...ငါနဲ့မင်းရန်ဖြစ်ထားလို့မပြောရင်လဲ ငါဘက်ကဒီလောက်မင်းနဲ့ရောနေတာကို မင်းဘက်ကငါအပေါ် အရမ်းအေးစက်နေတယ်.."
"ဘာနဲ့တိုင်းထားလို့ အရမ်းအေးစက်တယ်ထင်ရတာလဲ"
"...."
Winnyပြောစရာစကားများမရှိတော့ပါ။တွေ့လား သူအကောင်းပြောတာကို အကောင်းပြန်မပြောဘူး။အဲ့တာကSatangအကျင့်ထဲက တစ်ခုပါပဲ။
Satang သည်ငယ်ငယ်ကတော့ အရမ်းအပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းတဲ့ကလေးတစ်ယောက်ပေါ့။ အမေဆုံးပြီးကထဲက အရယ်မရှိတော့ အမြဲတမ်းရုပ်ကတည်တည်နဲ့။သူများတွေစကားလာပြောလဲ အကောင်းပြန်မပြော။ သူငယ်ချင်းအပေါင်းအသင်းလဲမရှိ။ ဒါပေမဲ့ သူငယ်ငယ်ကတော့ အရမ်းခင်တဲ့သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်....
___________________________________
လွန်ခဲ့သော12နှစ်ခန့်က
ကလေးလေးတစ်ယောက်က ရပ်ကွက်တစ်ခုကိုသူ့မိသားစု နဲ့အိမ်ပြောင်းလာခဲ့တယ်။ အဲ့ရပ်ကွက်က လူချမ်းသာများ နေထိုင်သောနေရာဖြစ်တယ်။ အဲ့ကလေးလေးက အရမ်းပျော်ပျော်ရွင်ရွင်နေတက်ပြီး သူ့ဘဝမှာအပူဆိုတာမရှိရလေအောင် လိုတရဘဝမျိုးဖြစ်အောင် သူ့အဖေနဲ့ အမေက ထားပေးလေရဲ့။
အဲ့ချစ်စရာကောင်းတဲ့ကလေးလေးနာမည်က Satang။ အသက် 4နှစ်ကျော်ကျော်သာရှိသေးသော satangလေးက အရမ်းသွပ်လပ်ပြီး ဉာဏ်ကောင်းသော ကလေးတစ်ယောက်ဖြစ်တယ်။
![](https://img.wattpad.com/cover/372054947-288-k700852.jpg)
YOU ARE READING
အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)
Fanfictionအမုန်းများကြားမှာ ဘယ်လိုပန်းတွင်ပွင့်မလဲ Winnysatang Pondphuwin Fanfic