အမှန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်
Ep8ဒီနေ့က စနေ့နေ တစ်နီးအားဖြင့်ပြောမယ်ဆိုကျောင်းပတ်ရက်ပေါ့။ကျောင်းပိတ်ရက်မှာ အပြင်သွားဖို့ပြင်သူကတော့ satangပင်ဖြစ်တယ်။ အပြင်သွားဖို့ T-shirt အဖြူလေးနဲ့ အောက်ကဂျင်းဘောင်းဘီနဲ့တွဲဖက်ပြီး ဝတ်ဆင်ထားတယ်...
အခန်းအပြင်ထွက်ပြီး ဓာတ်လှေကားထဲဝင်လိုက်တယ်..အဲ့ထဲမှာသူတွေ့လိုက်ရတဲ့သူက Pond နဲ့ phuwinနှစ်ယောက်ဖြစ်သည်..
"မင်းဘယ်သွားမလို့လဲ satang"ဆိုပြီးpond ကမေးလိုက်တယ်။"ငါ စီသာကုန်တိုက်ဘက်ခနသွားမလို့ မင်းရော"
"ငါလဲအဲ့ကိုသွားမှာ.."
"ဟမ် ဟုတ်လား"
"အွန်းငါနဲ့တူတူသွားမလား satang"
"တစ်ကယ်လား.."
"လာပါ ငါ့မှာကားပါတယ် လာပါ.."
Satangနဲ့ pond ပြောတာတွေကို phuwin တစ်ယောက်ကောင်းကောင်းကြီးကြားလိုက်တယ်။စီသာကုန်တိုက်တဲ့..အဲ့နေရာက winnyနဲ့သူတို့နှစ်ယောက်ချိန်းထားသောနေရာဖြစ်တယ်။
_____________________________________
စီသာကုန်တိုက်
စီသာကုန်တိုက်ဟာ အစားအစာ၊အိမ်တွင်းအသုံးအဆောင်ပစ္စည်းများ၊ကျောင်းသား/သူများအတွက်စာရေးပစ္စည်းအစုံ၊ shopping ထွက်လို့ကောင်းအောင် ကျား/မ အဝတ်အစားအစုံ၊ကလေး/လူကြီးကစားကွင်း စသည့် အပန်းဖြေ ဈေးဝယ်ထွက်ချင်စရာကောင်းကောင် စုံလင်လှသည့်ပစ္စည်းများကြောင့် နံမည်ကြီးသော ကုန်တိုက်တစ်ခုဖြစ်တယ်။Pondနဲ့ satangတို့ရောက်တော့ မနက်၁၁ကျော်ဖြစ်တယ်။ကုန်တိုက်အတွင်းမှာ လူအများအပြားရောက်နေကြသည်။ စနေနေ့ဖြစ်သည်ကြောင့်မလို့ လူကကြားရက်ထက်ပိုများနေတယ်။
"Satangမင်းဘာဝယ်စရာရှိလို့လဲ"
"မရှိပါဘူး ပျင်းလို့လာတာ"
"အော် ငါကစာရေးပစ္စည်းနည်းနည်းဝယ်စရာရှိလို့ လာငါနဲ့လိုက်ခဲ့ မင်းလဲဝယ်စရာရှိတာဝယ်ပေါ့"
"အင်း အင်း"
တစ်ဖက်မှာလဲ winnyနဲ့phuwinနဲ့က ကုန်တိုက်ကိုရောက်လာခဲ့ကြတယ်။"Phuwin...မင်းဘာဝယ်စရာရှိလို့လဲ "
"စာရေးပစ္စည်းနည်းနည်းပါ..အဓိကလာရတဲ့အကြောင်းအရင်း နှစ်ချက်ရှိတယ်"
YOU ARE READING
အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)
Fanfictionအမုန်းများကြားမှာ ဘယ်လိုပန်းတွင်ပွင့်မလဲ Winnysatang Pondphuwin Fanfic