Ep16

634 53 4
                                        

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်
Ep16

Winnyစာသင်ခန်းထဲပြန်ရောက်လာတော့ satangအပါ ကျန်နှစ်ယောက်ကလဲ ပြေးပြီးသူနားသို့ရောက်လာတယ်။

"Winny ဘာဖြစ်သွားသေးလဲ ဆရာမကြီးကကော ဘာပြောလဲ"

"ငါစွပ်စွဲခံရတာ"

"ဘာမင်းစွပ်စွဲခံရတာ"ဆိုပြီး phuwinကအကျယ်ကြီးပြောမိသွားတယ်။

"တိုးတိုးပြော ငါအစအဆုံးရှင်းပြမယ် အပြင်လိုက်ခဲ့"

အပြင်ရောက်‌တော့ winnyက အကြောင်းဆုံအားလုံးကိုရှင်းပြလိုက်တယ်။

"ရှင်းကြလား"

"ကြည့်ရတာ ဆရာမကြီးနဲ့ပေါင်းကြံတဲ့သူရှိကိုရှိရမယ်"ဆိုပြီး pondကပြောလိုက်တယ်။ ဟုတ်ပါတယ် pondထင်တာလဲမမှား။

"ဘယ်သူလို့ထင်လဲ"

"ငါအထင် မင်းကိုမကျေနပ်တဲ့သူနဲ့ ပေါင်းကြံတာဖြစ်မယ်"ဆိုပြီး phuwinက အားရပါးရထပြောလေရဲ့...

"မကျေနပ်တဲ့သူ"winnyပါးစပ်ကတိုးတိုးလေးထွက်‌ပြီး စဉ်းစားနေလေရဲ့..မကျေနပ်တဲ့သူတဲ့လား။သူကိုဘယ်သူကမကျေနပ်တာများလဲ။

"ငါသိပြီထင်တယ်"satangက ရုပ်တည်ကြနဲ့ထပြောလေရဲ့။အကုန်လုံးရဲ့ အကြည့်တွေက satangဆီရောက်သွားတယ်။

"ငါအထင်...မင်းခန့်"

Winny"ဟမ်"

Pond"ဘာ"

Phuwin"ဘယ်လို"

အားလုံးဆီကအသံတက်ညီလက်ညီတစ်ပြိုင်နက်ထွက်လာတယ်။

"ဟုတ်တယ်လေ ဖြစ်နိုင်ချေအရှိဆုံးက မင်းခန့်ပဲ ဘာလို့လဲဆို မင်းခန့်နဲ့ winnyအရင်က အကြီးအကျယ်ရန်ဖြစ်ထားကြတယ်လေ"

"ပြီးတော့ မင်းခန့်ကလဲဒီတိုင်းနေမှာမဟုတ်ဘူး"

"ဟုတ်သား"phuwinကမတ်ထပ်ထရပ်လိုက်ပြီး မင်းခန့်ရှိရာ အခန်းဘက်သို့ ပြေးသွားလိုက်တယ်။ ကျန်သုံးယောက်ကတော့ ဆွဲလိုက်ချိန်တောင်မရ သူ့အနောက်သာ အမြန်ပြေးလိုက်သွားတယ်။

"ခနစောင့်အုံး phuwin"
_______________________________
Phuwin ကမင်းခန့်ရှိရာအခန်းရှေ့ကိုရောက်သွားတယ်။ပြီးတော့ဝင်းသွပြီး မင်းခန့်ကို လိုက်ရှာတယ်။မင်းခန့်ကအရှေ့ဆုံးခုံမှာထိုင်နေ‌ပြီး သူ့သူငယ်ချင်းတွေနဲ့ရယ်ရယ်မောမောစကားပြောနေလေရဲ့

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)Where stories live. Discover now