Ep23

243 22 0
                                    

အမုန်းများကြားတွင် ပွင့်သောပန်းတစ်ပွင့်
Ep23

"အချစ်ဘယ်ရောက်နေတာလဲ ကိုယ်လိုက်ရှာနေတာ"

"ဒီလိုပါပဲ"

Satang သူ့အထေနဲ့စကားပြောနေချိန် winnyတစ်ယောက်ကတော့satangပျောက်လို့ လိုက်ရှာနေတာ အခုမှတွေ့တယ်။ satangမျက်နှာကမကောင်းနေ

"အချစ် မှန်မှန်ပြောနော် ခုနက ကိုယ်ချစ်အဖေကိုတွေ့လိုက်တယ်"

"နောက်တစ်ပတ်ထဲမှာ သူ့မယားမွေးနေ့ရှိကြောင်းလာပြောတာ ဒါပဲ"

"ဟုတ်လို့လား"

"မယုံတာလား"

"မဟုတ်ပါဘူး အချစ်လေးပြောသမျှကိုကိုယ်အကုန်ယုံတယ်"

ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် လမ်းလျောက်ပြီး အတန်းရှိရာသို့သွားလိုက်တယ်။အခန်းထဲမှာ အားလုံးက စာမေးပွဲအတွက် ကြိုးစားပြီးစာလုပ်နေကြတယ်။

"မင်းတို့နှစ်ယောက်စာလုပ်နေရမဲ့အချိန် ဘယ်မှာသွားပြီး ချစ်ကြူနူးတိတိတူးလုပ်နေတာလဲ"

အတန်းထဲရောက်တာနဲ့ အရင်းဆုံးမေးတဲ့သူကphuwinပင်

"မဟုတ်ပါဘူးဟာ စာဆက်လုပ်ရအောင်"

Winnyတို့လဲ သူတို့နေရာသူတို့ထိုင်ပြီး စာတွေလုပ်နေကြတယ်။
________________________________
အခုဘာလိုလိုနဲ့ ၁၀တန်းစာမေးပွဲကြီးနောက်ဆုံးရက်သို့ရောက်လာတယ်။ကျောင်းရှေ့မှာကျောင်းသူကျောင်းသားတွေကော မိဘတွေကောစုံလင်နေကြတယ်။စာရတဲ့ကျောင်းသားတွေနဲ့မရ‌တဲ့ကျောင်းသားတွေကစာအုပ်ပြန်မကြည့်ပါ တစ်ကယ်တန်းကတစ်ဝတ်မရတစ်ဝတ်တွေကပဲ စာအုပ်ကိုလက်ကမချနိုင်ဖြစ်နေတာပါ။

"Phuwinမင်းလက်ထဲကစာအုပ်ချလိုက်တော့ ခနနေဝင်ရတော့မယ်"

"နေပါအုံး ငါဒီတစ်ပုဒ်‌ပြန်ကြည့်လိုက်အုံးမယ်"

"သွားမပြောနဲ့winny ဆရာမပြောတာမှန်တယ်သိလား"

"ဘာမှန်တာလဲ"

"ဟုတ်တယ်လေ စာရတဲ့သူတွေနဲ့ မကတဲ့သူတွေက စာအုပ်ကိုပြန်မကိုင်ကြဘူးလေ စာရတစ်ဝတ် မရတစ်ဝတ်လူတွေကသာ စာကိုအသည်းအသန်ပြန်ကြည့်နေကြတာ ဥပမာ phuwinကိုကြည့်ပါလား စာသိပ်မရလို့ စာအုပ်ကိုလက်မချနိုင်သေးဘူး"

"မင်းပြောတာ မှန်တယ် pond"

"ဟာမင်းတို့တိုးတိုးနေကြ စိတ်လှုပ်ရှားနေပါတယ်ဆို မင်းတို့ကရယ်နိုင်ကြသေးတယ်"

"ဟာ အချစ်ကကိုယ်ကိုဆူနေတာလား"

"တိတ်တိတ်နေ"

"ဟုတ်ကဲ့"

ထိုချိန်ကျောင်းဘဲလ်တီးသံကထွက်လာပြီးကျောင်းတံခါးကလဲပွင့်လာတယ်။ ကျောင်းသားကျောင်းသူတွေအကုန် ကျောင်းထဲကိုကိုယ်ဆီကိုယ်ဆီဝင်သွားကြတယ်။ အားလုံးကစာမေးပွဲဖြေကမဲ့အတန်းနဲ့ သူတို့ခုံနံပတ်ကိုလိုက်ရှာပြီး ဝင်ထိုင်ကြတယ်။ winnyတို့၄ယောက်ကတော့ အခန်းတစ်ခန်းထဲမှာကျတယ်။

၁၀နာရီထိုးတော့ ဆရာမတွေကမေးခွန်းစာရွတ်တွေလိုက်ဝေပေးတယ်။ကျောင်းသားတိုင် သူတို့စာကိုသူတို့ဖြေနေကြတယ်။ ၂နာရီဖြေပြီးတဲ့အခါ ဘဲလ်တီးသံအကြား ဆရာမတွေက အ‌ဖြေလွှာတွေကို လာသိမ်းသွားကြတယ်။ပြီးတော့ ကျောင်းသားတွေ ကိုယ်ဆီ ကိုယ်ဆီ အခန်းထဲကထွက်သွားကြတယ်။

"အချစ်လေး ဘယ်လိုလဲအေးဆေးပဲမလား"

"ငါကိုလာ‌မမေးနဲ့ မင်းရော"

"ကိုယ်ကအေးဆေး ချွေးတောင်မပြန်ဘူး"

"အေးပါ"

"Phuwinမင်းကော ဖြေနိုင်တယ်မလား"

"‌ဒါပေါ့"

"ငါတို့ စာမေးပွဲဖြေပြီးတဲ့အနေနဲ့ တစ်နေရာသွားရအောင်လား"

"ငါမအားဘူး"satangက ပြောလိုက်တယ်။

"ဘာလို့လဲအချစ်"

"မနက်ဖြန်ည ငါ့အဖေမယားမွေးနေ့ရှိတယ် ငါသွားမှရမယ်"

"အယ် satangရယ် အဲ့ဒါမင်းအဖေ‌မယားပါဆို မင်းအမေပဲပေါ့ မဟုတ်ဘူးလား"

Phuwin ကရယ်ရယ်မောမောပြောရှာတယ်။တစ်ကယ်အမှန်တစ်ရားကိုမသိပါ။

"မယားငယ်"

"အမ်"

"မယားငယ်လို့"
Satangက အသက်မပါတဲ့ အသံနဲ့ပြောလိုက်တယ်။

"အာ ဆောရီး satang ငါ..ငါမသိလိုက်ဘူး"

"ရပါတယ်..."
___________________________
(October.9.2024)
(Wednesday)

(Hanaအခုတစ်လော စာတွေလုပ်နေတာတဲ့ အလုပ်ရှုပ်နေတာ ပုံမှန်လို updateမလုပ်နိုင်သလို နည်းလဲနည်းသွားတယ် အဲ့တာကြောင့်သည်းခံပြီးဖတ်ပေးပါလို့🫶🫶)

#hana

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)Where stories live. Discover now