အမုန်းများကြားတွင် ပွင့်သောပန်းတစ်ပွင့်
Ep5
Winnyတစ်ယောက် satangနဲ့ သူအဖေတို့ပြောတာတွေကို အတိုင်းသားကြားလိုက်တယ်။သူရပ်ကြည့်နေမိတယ်။သူအဖေနဲ့သူစကားများနေသည်ကိုရပ်ကြည့်နေတယ်။ satangနဲ့သူ့အဖေ စကားများပြီး satangထွက်လာသည်ကိုလဲရပ်ကြည့်နေတယ်။
Satangကတော့ သူ့အဖေနဲ့စကားများပြီး ကျလာတဲ့မျက်ရည်များ အတိုင်းမသိထွက်ကျလာတယ်။သူအိမ်သာထဲကိုပြေးဝင်သွားတယ်။အိမ်သာထဲတွင် ဘယ်သူမှမရှိမှန်းသိတော့ဘသူငိုချလိုက်တယ်။ သူစိတ်ထဲတွင်
*အဖေငါ့ကို သားတစ်ယောက်လို့သက်မှတ်ရဲ့လား မယားငယ်ပြောတဲ့စကားတွေပဲနားထားပြီး ငါကိုတော့ အိမ်ပြန်မလာနဲ့တဲ့ အဲ့လိုအဖေမျိုး ဒီလောကကြီးမှာထပ်ရှိအုံးပ့မလား*
Satangတစ်ယောက် လက်ဆေးစင်ကိုမှီပြီး ငိုနေလေရဲ့......
Winnyသည် satang ပြေးသွားသည့်အနောက်ကိုလိုက်သွားမိသည်။ ဘာကြောင့်လိုက်သွားမိသည်ကိုသူမသိ သူစိတ်ထဲထဲကို satangတစ်ခုခုဖြစ်မည်ကိုစိုးရမ်နေလေသည်။ခန္ဓာကိုယ်ကကသွားပြီး စိတ်ကမပါ မသိစိတ်က စိတ်ပူနေလေရဲ့။
အိမ်သာထဲဝင်သွားတော့ Satang ငိုနေသည်ကိုတွေလေရဲ့။သူ satangနားသို့ကပ်သွားလေသည်။satangကသူကိုကြည့်လိုက်ပြီး...
"ဘာလဲ ငါငိုတာကြည့်ပြီး လှောင်မလို့မလား"
"ငါဘာမှမပြောရသေးဘူး"
Winnyတစ်ယောက် ဘာမှမသိသလိုဟန်ဆောင်လိုက်တယ်။
"ငါသိတယ်နော် မင်းဆရာကြီးရုံးခန်းလိုက်လာတာကိုငါသိတယ်..ငါအဖေနဲ့ငါစကားများနေတာမင်းခိုးနားထောင်နေတာငါသိတယ်...ငါထွက်လာတော့ မင်းငါနောက်လိုက်လာတာငါသိတယ်..."
"......"
"မင်းဘာလို့ငါနောက်လိုက်လာရတာလဲ ငါအကြောင်းကို ဘာလို့အဲ့လောက်သိချင်နေရတာလဲ"
"ငါ...ငါက...ငါ.."
Satangတစ်ယောက် winnyပြောသည်ကိုနားမထောင်တော့ပဲ မျက်ရည်များကိုသုတ်ပြီး အတန်းထဲပြန်ဝင်သွားလိုက်တယ်။winnyတစ်ယောက်တော့ ပြောစရာစကားများပျောက်ဆုံးနေလေရဲ့။
_____________________________
ညဘက်ရောက်တော့ satangတစ်ယောက် အခန်းထဲ၌စဉ်းစားခန်းဝင်နေလေရဲ့.....
သူ့အဖေအကြောင်းစဉ်းစားတိုင်း ရင်နာလေတယ်။
YOU ARE READING
အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)
Fanfictionအမုန်းများကြားမှာ ဘယ်လိုပန်းတွင်ပွင့်မလဲ Winnysatang Pondphuwin Fanfic
