အမုန်းများကြားတွင် ပွင့်သောပန်းတစ်ပွင့်
Ep25
Satangအပြင်ကိုပြေးထွက်သွားပြီး အမှိုက်ပုံးနားကိုသွားလိုက်တယ်။သူ့အမေရဲ့ဓာတ်ပုံ သူ့အမေရဲ့ အမှတ်တရပစ္စည်းတွေ ကို အမှိုက်ပုံးထဲမှာတွေ့လိုက်ရတော့ သူ့ရင်တွေပူလောင်သွားတယ်။သူအမြတ်တနိုးတန်ဖိုးထားတဲ့ဟာတွေ အမှိုက်ပုံးထဲရောက်နေတော့ သူရင်ကိုဓားနဲထိုးလိုက်သလို သူရင်ထဲကနာလာတယ်။
Winnyကားပေါ်ကနေ satangပြေးထွက်လာတာကိုမြင်လိုက်တယ် ပြီးတော့ အမှိုက်ပုံးနားမှာရပ်နေတာကိုမြင်လိုက်တယ် ဘာဖြစ်နေမှန်းမသိပေမဲ့ သူကားပေါ်ကအပြေးဆင်းပြီး satangဆီကိုသွားလိုက်တယ်။
"အချစ် ဘာဖြစ်နေတာလဲ ဘာလို့ငိုနေရတာလဲကွာ"
"Winnyမင်း မင်း ဘယ်လိုလုပ်ပြီး"
Winnyလဲရောက်လာကော သူမျက်ရည်တွေကပိုပြီးကျလာတယ်။winny ဘယ်လိုရောက်လာလဲသူမသိပေမဲ သူရောက်လာတာတော့ အားကိုးစရာရှိတယ်ဆိုပြီးပိုပြီးငိုချမိတယ်။
"အချစ်လေး ဘာဖြစ်တာလဲကိုယ်ကိုပြောပါအုံး ကိုယ်စိတ်ပူလို့ပါ"
"Winny ငါ ငါ..."
"အင်း ကိုယ်နားထောင်နေတယ်"
"ငါ့ အမေပစ္စည်းတွေအကုန်လုံး အမှိုက်ပုံထဲရောက်နေပြီ"
ပြောရင်း ငိုနေတဲ့ ကောင်လေးကိုကြည့်ပီ့း winnyရင်တွေပူနေတယ်။အမြဲတမ်းမျက်နာမညိုးအောင်ထားတဲ့winnyက ဒီနေ့satangငိုတာမြင်တော့ သူရင်တွေပူတယ်။
"မငိုနဲ့နော် ချစ် ကိုယ်ရှိတယ်"
Satangကိုသူ့ရင်ခွင်ထဲထည့်ပြီး နှစ်သိမ့်ပေးနေလေရဲ့။winnyကတော့ အိမ်ထဲကိုတစ်ချက်ကြည့်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလေရဲ့။စိတ်ထဲတွင်...
*သာတုံး လုပ်ထားစမ်းပေါ့ ဦးဝင်မော် ခင်ဗျားကြီး ကိုကျုပ်ပြန်လုပ်ပြမယ်*
"ချစ် ချစ်ကိုယ်ကိုကြည့်"
Satangမော့ကြည့်လိုက်တော့ winnyမျက်လုံးတွေက သူကိုနှစ်သိမ့်ပေးဟန် အဝိုင်းသားနဲ့...
"အချစ် ကိုယ်ကိုယုံလား"
"ဟမ်...ငါ"
"ဖြေပါ အချစ်"
"အင်း ငါယုံကြည်တယ်winny"
"အဲ့ဆို ကိုယ်ခေါ်ရာနောက်ကိုလိုက်ခဲ့ ကိုယ်မင်းကို အမြဲတမ်းပျော်အောင်ထားမယ် ချစ်မျက်နှာမညိုးအောင် ကိုယ်ထားပေးမှာမို့ ကိုယ်နောက်လိုက်ခဲ့ပါနော်"
"..."
Satangတစ်ချက်တွေဝေသွားတယ်။winnyစကားက ဘာသဘောလဲဆိုတာသူသိတယ်။18နှစ်တောင်မပြည့်သေးတဲ့သူကပြောတဲ့စကားကို တစ်ခြားသူဆိုရင်ယုံချင်မှယုံမည်။သို့ပေမဲ့ satangကတော့winny ကိုအကြွင်းမဲ့ယုံကြည့်ထားတယ်။
"ချစ် မလိုက်ချင်လဲ ကိုယ်..."
"အင်း....ငါမင်းကိုယုံတယ် မင်းငါကိုဒီအိမ်နဲ့ဝေးရာကိုခေါ်သွားပေးပါ..ငါမင်းကိုယုံတယ်ပြီးတော့...ချစ်လဲချစ်တယ်"
Winnyဝမ်းသာသွားတယ်။သူကိုလက်ခံပေးတယ်satangကိုလဲသူအရမ်းကျေးဇူးတင်မိတယ်။
________________________________
"Pond!!"
"ကိုယ်မင်းကိုအကုန်ပြောပြပြီးပြီလေ ဘာမှမကျန်တော့ဘူးလို့"
"မင်းဟာကမဟုတ်သေးဘူးဟာ"
"ဘာဖြစ်လို့လဲ..ကိုယ့်အကြောင်းကိုကိုယ်ကလွဲပြီးဘယ်သူသိမလဲကွာ..ကိုယ်ပြောပြတာတွေကကုန်ပြီလေ"
Pond တို့ရန်ဖြစ်နေတာတစ်ခြားမဟုတ်ပေ။pondက သူအကြောင်းကိုphuwinကိုပြောပြနေခြင်းဖြစ်တယ်။ဒါပေမဲ့phuwinတစ်ယောက်ကတော့ကျေနပ်ပုံမရ....
"ငါပြောပြမယ် မင်းကျန်ခဲ့တဲ့ဟာ"
"ပြောလေ ကိုယ်နားထောင်နေမယ်"
"မင်းပြောသွားတာက "ကိုယ်ချစ်တဲ့သူတွေက အဖေနဲ့အမေပဲ"ဆိုပြီးမင်းပြောသွားတာလေ"
"အင်းလေ..."
"Pond!!"
အနည်းငယ်စဉ်းစားပြီးမှphuwinဘာကိုဆိုလိုလဲဆိုတာ သူနားလည်သဘောပေါက်သွားတယ်။သို့ပေမဲ့စချင်တာနဲ့ပဲ မသိချင်ယောင်ဆောင်လိုက်လေတယ်။
"ပြောလေ"
"ဟွန့်"
Pondစိတ်ထဲတွင်
*စိတ်ဆိုးနေတဲ့နှုတ်ခမ်းလေးကချစ်စရာလေးကွာ နမ်းချင်စရာလေး"
Pondစိုက်ကြည့်နေတာကိုphuwinတစ်ယောက်သိပြီးပြန်ကြည့်ပေးလိုက်တော့...
"ဘာကြည့်တာလဲ"
"နမ်းချင်တယ်"
"ဟမ်...နေ...."
Phuwin စကားတောင်မဆုံးသေးဘူး။ဟိုက သူ့နှုတ်ခမ်းနဲ့ phuwinနှုပ်ခမ်းနဲ့ထိပြီးပြီ။
_____________
(Dec.4.2024)
(Wednesday)
(Hanaအဲ့လိုနမ်းတဲ့ခန်းတွေဘာတွေက မရေးတက်လို့ ကိုယ့်ပါသာကိုယ်ပဲဖြည့်တွေးလိုက်ပါ🥹 ပြီးတေည့ Hanaဒီficကို hanaခွင့်ပြုချက်မရပဲ ttမှာပြန်မတင်ပါနဲ့နော် တစ်ချို့သောလူတွေက ပြန်တင်နေလို့ပါ🙏)
#hana
YOU ARE READING
အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)
Fanfictionအမုန်းများကြားမှာ ဘယ်လိုပန်းတွင်ပွင့်မလဲ Winnysatang Pondphuwin Fanfic
