Ep11

657 61 2
                                        

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်
Ep 11

Satang သည်ဆေးရုံကဆင်းပြီးတဲ့နေ့ကစပြီး winny နားကိုအမြဲလိုလိုကပ်နေလေရဲ့။အမြဲတမ်းခေါ်ရင် ကိုကို ကိုကိုနဲ့ သိချင်ရင်လဲမရပ်မနားမေး‌တက်လေ့ရှိတယ်။winnyသည် satang ကိုခင်ပါတယ် သို့သော် သူ့နာမည်ကိုတော့ လုံးဝထုပ်မပြော မေးရင်လဲ နံမည်မရှိဘူးပဲဖြေဖြေနေလေရဲ့..

ဒီနေ့လဲ winnyတစ်ယောက် သူဖတ်နေကျ ရုပ်ကြကာတွန့် စာအုပ်ကိုယူပြီး သစ်ပင်အောက်မှာထိုင်နေလေရဲ့..အသံတစ်ခုမကြားခင်အထိ သစ်ပင်အောက်မှာ ဌက်အော်သံကလွဲ၍တစ်ခြားအသံမကြားရပေ။

"ကိုကိုရေ"

‌လာပါပြီ အရှုပ်ထုပ်satang။winnyတစ်ယောက် မျက်နှာကြီးတစ်ခုလုံးမဲမှောင်သွားတယ်။ satang ကဘောလုံးလေးကိုင်ပြီး winny ရှိရာသို့ပြေးလာလိုက်တယ်။

"ကိုကို ဘာလုပ်နေလဲ "

"ဘာလုပ်လုပ်ပေါ့"

"ဟာ ကိုကိုကလဲ"ဆိုပြီးနှုတ်ခမ်းလေးဆူကပြောနေလိုက်တယ်။

"ကိုကိုလို့မခေါ်နဲ့တော့ မကြိုက်ဘူး မင်းနဒ့ငါနဲ့လဲအသတ်က၁နှစ်လောက်ပဲကွာတာ"

"မရဘူး ကိုကိုလို့ပဲခေါ်မှာ မရဘူး"

"အေးအေး မင်းသဘောပဲ"

Satangသည်winnyဘေးနားသို့ ကပ်ပြီး သစ်ပင်ကိုမှီပြီးထိုင်နေလေရဲ့...

"ကိုကို ကိုကို့နာမည်သားကို‌ပြောပြအုံးလေ"

"နာမည်မရှိဘူးလို့"

"မဟုတ်ပါဘူး မေမေကပြောဘူးတယ် လူတစ်ယောက်မှာ နာမည်ရှိရတယ်တဲ့"

"အဲ့တော့.."

"အဲ့တော့ကိုကို့မှာလဲ နာမည်ရှိရမှာပေါ့ ဟုတ်ဘူးလား"

"မ..ဟုတ်..ဘူး"

"ကိုကိုရလဲ ထားပါ သားနဲ့ဆော့ရအောင်"

"ဟင့်ဟင်း"

"ဟွန့် ကိုကို့နဲ့ခေါ်တော့ဘူး ပြန်တော့မယ်..အော်မေ့လို့ ဒီမှာ သားဘောလုံးကိုကို့ကိုပေးမယ် အကြာကြီးသိမ်းထားနော် ဒါသားအကြိုက်ဆုံးဘောလုံး"

နှုတ်ခမ်းလေးဆူပြီ ပြန်ထွက်‌သွားလေရယ်။
____________________________________

Winny နဲ့ Satang ကလေးတို့နှစ်ယောက် ခင်လာကြတာ ဒီနေ့နဲ့ဆို ၁ပတ်တောင်ရှိသွားပြီ။သို့ပေမဲ့ winnyနံမည်ကိုတော့ satangတစ်ယောက် မသိသေးပါဘူး။သူတို့သိတာရက်နည်းနည်းပဲရှိသေးပေမဲ့ winnyတို့သားအ‌ဖတွေ နိုင်ငံခြားကိုသွားဖို့ အကြောင်းဖန်လာကြတယ်။ ဒီနေ့ winnyတို့သားအဖတွေ အိမ်ကပစ္စည်းတွေပါ ကားပေါ်သယ် ပြီး အိမ်ပါတစ်ခါထဲပြောင်းသွားကြတယ်။

Winnyက satangကိုလဲဘာမှမပြော အိမ်ကမိဘတွေကလဲ စိတ်မကောင်းဖြစ်မှာဆိုးလို့ မပြောထား မနက်အစောကြီး ပြောင်းသွားတာကြောင့် satangကလေးကတော့ မသိလိုက်ရှာဘူး.......

ရက် လ နှစ်တွေသာကြာသွားတယ် satang ကလေးလဲ အရွယ်လေးကြီးလာပြီ သူငယ်ငယ်ကသိခဲ့ရတဲ့ ကိုကို ကိုလဲ သူမမှတ်မိတော့ပါဘူး ရုပ်လဲသေချာမမှတ်မိတော့သလို နာမည်ကမပြောပြခဲ့တော့ ပိုဆိုးသွားရောပေါ့....

____________________________________
လက်ရှိကာလ

Satangတစ်ယောက် အတွေးလွန်နေတုံး winnyက

"ဟေ့ satang "

"ဟမ်..အွန်း"

"ဘာတွေတွေးနေတာလဲ ငါခေါ်တာတောင် မကြားဘူး"

"ဘာမှမတွေးပါဘူး ငါအိမ်ပဲပြန်မယ်ကွာ အိမ်ရောက်မှ တစ်ခုခုချက်စားမယ်"

"ပြီးရော ငါကိုပါချက်ကျွေးရမယ်"

"ဘာလို့လဲ"

"ကားခဖို့းအတွက်လေ"

"ဘာ...မင်း"

Satang စိတ်နည်းနည်းတိုသွားတယ်။စိတ်ထဲမှာတော့"ဒီကောင်ကွာ သက်သက်ငါကိုအနိုင်ကျင့်တာ"

သူတို့နှစ်ယောက်သား satang အခန်းရှိရာ ကျောင်းအဆောင်ဆီသို့ မောင်းထွက်လာတယ်။
အဆောင်ရှေ့မှာကားထိုးပြီး satangအခန်းရှိရာအထပ်သို့ ဓာတ်လှေကားဖြင့် တက်သွားလေရဲ့။

"ငါအခန်းကနည်းနည်းတော့ရှုပ်နေတယ်"

"ရပါတယ်"

"ပြော ငါဘာချက်ကျွေးရမလဲ"

"ဟမ် တစ်ကယ်ချက်ကျွေးမလို့လား"

Winny တစ်ယောက်အံဩသွားတယ်။သူမထင်ထားပါ Satang တစ်ယောက်သူ့အပေါ် သဘောထားကြီးပေးနေတာကိုပေါ....

"မစားဘူးလား"

"မဟုတ်ဘူး စားမယ် ဘာဖြစ်ဖြစ်အကုန်စားတယ် တစ်ခုပဲ ငါနံနံပင်မကြိုက်ဘူး"

"အွန်း...."

ခနအကြာ အရမ်းမွေးကြိုင်လွန်းတဲ့ ဝတ်သားကိုအသီးအရွက်တွေဖြင့် ရောနှောကြော်ထားတယ် ဝတ်သားအစပ်ကျော်လေးက winnyမျက်စိရှေ့သို့ရောက်ရှိလာတယ်။

"ငါလက်ယာကတော့ သိပ်မကောင်းဘူး "

Winnyက Satang စကားအဆုံးမှာ ရှေ့မှာချထားတဲ့ ဝတ်သားအစပ်ကျော်နဲ့ ထမင်းနဲ့ကို အားရပါးရ ဇွန်းဖြင့် ခပ်စားနေလေရဲ့..

"ဝါး မင်းလက်ယာကတစ်ကယ်ကောင်းတာကွ"

Satang ကတော့ winnyကိုကြည့်ပြီး စိတ်ထဲမှာပြောလိုက်တယ်။
*သုံးရက်လောက် ထမင်းမစားပဲနေခဲ့ရတဲ့ပုံနဲ့*
____________________________
(Saturday)
(August.11.2024)

#hana

အမုန်းများကြားတွင်ပွင့်သောပန်းတစ်ပွင့်(winnysatang fanfic)Where stories live. Discover now