Part 19 (U+Z)

297 13 5
                                    

ရှိန်းဂုန်ရောင် ဒီနေ့ လူနာတွေများနေတာကြောင့် အိမ်ကိုပင်မပြန်ဖြစ်တော့...
ခန အနားယူတဲ့အချိန်လေး ဖုန်းကိုကောက်ဖွင့်ကြည့်လိုက်တော့ မေမေ့ဆီက ဖုန်းတွေလေးကြိမ်တောင်ခေါ်ထားတာကြောင့် ပြန်ခေါ်ကြည့်လိုက်သည်။

"တူ...တူ...တူ...."

"Hello မေမေ"

ခနအကြာမှာတော့ မေမေ့ဆီကစကားသံထွက်ပေါ်လာသည်။

"သား"
"မင်း...အကြောင်းတွေကိုမေမေအကုန်ကြားပြီးပြီသား....ဒီကိစ္စကို မင်းအဖေသိရင်မလွယ်ဘူး"

"သား..သိပါတယ် မေမေ "

"ဒါဆိုရင်...သားဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ"

ဒေါ်မေစီ မေးလိုက်တော့သားတော်မောင်ဆီက သက်ပြင်းချသံသဲ့သဲ့ကြားလိုက်သည်။

"သား...သူ့ကိုချစ်တယ်မေမေ.. ဒီကိစ္စကိုလည်းမေမေတို့ကိုဖွင့်ပြောဖို့ တွေးထားပြီးသား"

ဒေါ်မေစီ မူးလဲချင်သလိုတောင်ဖြစ်သွားရသည်။သားရယ်..မေမေကိုမျက်နှာမပြရဲအောင်မလုပ်ပါနဲ့လား....ကွယ်..

"မင်းတို့နှစ်ယောက်က ယောကျာ်းလေးတွေဆိုတာကိုလည်း မင်းသိပါတယ်....ယောကျာ်းလေးချင်းယူဖို့ဆိုတာလေ....ဘယ်လောက်ရှက်ဖို့ကောင်းတယ်ထင်လဲ..မင်းအဲ့တာတွေကိုထည့်ပြီးစဥ်းစားပါအုံး"

"သား အဲ့တာတွေအကုန်နားလည်ပါတယ်မေမေ...ဒါပေမယ့် ယောကျာ်းချင်းဆိုရင်ရော မချစ်ရတော့ဘူးလား....လူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ခွင့်၊ရွေးချယ်ခွင့်ရှိတယ်မေမေ...သားကိုလဲ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးပါ"

"မေမေလုံးဝ သဘောမတူနိုင်ဘူးသား...မင်းကိုမဒီနဲ့ လပ်ထက်ပေးဖို့ မေမေအမြန်ဆုံးလုပ်မှဖြစ်မယ်"

"သား...မဒီ့ကိုလုံးဝလက်မထပ်နိုင်ဘူး​​​မေ​​​ေမအကယ်၍လပ်ထက်ဖြစ်ခဲ့တယ်ဆိုရင်တောင်သားသေမှပဲဖြစ်လိမ့်မယ်"
"ဒါဘဲ..မေမေသားအလုပ်ရှုပ်နေလို့"

ရှိန်းဂုန်ရောင် ဆက်နားမထောင်ချင်တော့တာကြောင့် ဖုန်းကိုချပစ်လိုက်သည် ။

"ဟဲ့...ဟဲ့..သားနေအုံး....အော်ဒီကလေး ဖုန်းကိုချပစ်လိုက်တယ်"

သားလေးရယ်....မေမေလုပ်နေတာတွေအားလုံးကသားအတွက်ပဲဆိုတာ တစ်နေ့ကျရင်သားနားလည်လာပါလိမ့်မယ်။
.........................

He's mine❤️✨ (Completed )Where stories live. Discover now