That Should Be Me (ep1)

89 6 0
                                    

မိုးအုံ့မှိုင်းမှိုင်းဖြစ်နေသောရာသီဥတုနဲ့အပြိုင်စိတ်တွေထိုင်းမှိိုင်းနေသောမင်းဆက်ဟာအိပ်ယာကနေမထဘဲဖုန်းတစ်လုံးနဲ့အချိန်ကုန်နေခဲ့သည်။ပြောရရင်တော့ဖြင့်ညတုန်းကသောက်တာများပြီခေါင်းကိုက်၀ေဒနာကိုခံစားရတော့မထချင်ဘဲလှဲနေတာပင်..ယခုတော့ဖုန်းသုံးထားသောအရှိန်ခေါင်းထိုးကိုက်နေလေသည်။မေတခေတ်သာစိတ်ခံစားမှုမပေးရင်သူဒီလောက်ထိဖြစ်မှမဟုတ်ပေ။

ဖုန်းသုံးနေရင်းမနေ့ကလမ်းခွဲခဲ့သောမေတခေတ်ဆီကခေါ်ဆိုမှုပင်...အရင်ပုံအောပြီးချစ်ခဲ့သမျှအခုတော့မမြင်ချင်မကြားချင်လောက်အောင်မုန်းတီးနေမိပြီးခေါ်ဆိုမှုကိုဖြတ်တောက်ကာblock listထဲထည့်လိုက်လေသည်။ရှုပ်တယ်ကွာဆင်းကဒ်ပါဖြုတ်လိုက်ရင်အကောင်းဆုံးမေတခေတ်ဆိုတဲ့ခြံခုန်နွားမကမရရတဲ့နည်းနဲ့ငါ့ဆီဆက်သွယ်နေအုန်းမှာငါ့ဖုန်းနံပါတ်အသစ်လဲလိုက်တာကစိတ်ရှုပ်သက်သာတယ်....ပြောရင်းဆိုးရင်းနဲ့ပင်နောက်ထပ်ခေါ်ဆိုမှုဒီတခါတော့ဖုန်းစိမ်းတစ်ခုပင်...မင်းဆက်ကလူပေါင်းများပြီးချက်ဆိုနားခွက်ကမီးတောက်ဘဲဆောရီးပါမေတခေတ်ငါတန်ဖိုးထားသလောက်ငါ့အပေါ်မှာတန်ဖိုးမဲ့စေတဲ့လုပ်ရပ်မျိုးကိုမင်းလုပ်ခဲ့တယ်ဒီဘ၀ဒီမျှနဲ့ဘဲမင်းလိုမိန်းမမျိုးနဲ့ဆုံတွေ့ပါရစေ....ဆင်းကဒ်ကိုဖြုတ်ပြီးအံဆွဲထဲပစ်ထည့်ကာအိပ်ယာမှထလိုက်လေသည်။သူဒီနေ့အလုပ်သွားရမည်...ဘော့စ်ကဒီနေ့အလုပ်တစ်ခုကိုတာ၀န်ပေးအပ်ဖို့ရှိတယ်ဆိုဘဲဘာအလုပ်ရမလဲဆိုတာတော့မသိသေးပေ။အခုတော့မျက်နှာသစ်သွားတိုက်ရေမိုးချိုတစ်ကိုယ်ရေသန့်ရှင်းမှုပြုရအုန်းမည်။

''ဆက်မင်းသားကြီးမနိုးသေးဘူးလားသွားနှိုးလိုက်ဘယ်ချိန်ရှိပြီးလဲ...''ဆက်ဧည့်ခန်းထဲမှာသတင်းစာဖတ်နေသောဦးသာလွန်သူအား''ဟုတ်ကဲ့ကိုရေ...''ပန်းဆက်တစ်ယောက်မင်းဆက်အခန်းရှိရာသို့တက်လာပြီးတံခါးခေါက်ကာ''သားဆက်ရေသားထတော့လေနေမြင့်နေပြီး''

ရေချိုးခန်းထဲကနေထွက်လာသောမင်းဆက်တစ်ယော်က်အခန်းတံခါးခေါက်သံနဲ့အတူမိခင်သံကြောင့်''ဟုတ်ကဲ့မာမီကျနော်အ၀တ်စားလဲပြီးရင်ဆင်းလာခဲ့မယ်''

That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)Where stories live. Discover now