မြတ်လွန်းမိဘ၂ပါးကိုအိမ်သို့ပြန်ပို့ပြီးနောက်သူမဆီသို့ထွက်လာခဲ့လေသည်။
ပျိုအခန်းထဲမှာအိပ်နေတာအချိန်တစ်ခုကြာလေပြီးအခန်းတံခါးဖွင့်သံကြားတော့ပျိုလှည့်ကြည့်လိုက်မိသည်။သူများဖြစ်နေမလားဆိုသည့်အတွေးနဲ့ပေါ့ဒါပေမယ့်သူမဟုတ်ခဲ့ပါ
မြတ်လွန်းဆက်ငိုယိုထားသောကြောင့်မျက်လုံးများဖောင်းနေသောသူမကိုကြည့်ရင်းစိတ်မကောင်းဖြစ်မိသည်။
''ပျိုကျနော်ဒီကိုလာတာပေးစရာရှိလို့ပါ''
ပျိုသူကိုခနတာစိုက်ကြည့်ပြီးမျက်နှာလွှဲကာ''ပျိုမလိုချင်ဘူးပြန်ယူသွားပါကိုမြတ်လွန်းဆက်''
''ကျနော်ပေးတာမဟုတ်ဘူးအကိုပေးတာပါအကိုမင်းကိုပေးခိုင်းလိုက်တဲ့စာပါပျို...''မြတ်လွန်းဆက်အိတ်ကပ်ထဲကနေထုတ်ပေးလာသောစာခေါက်အားချက်ချင်းဆွဲယူပြီးဖွင့်ဖတ်လိုက်လေသည်။
သို့ချစ်ရပါသောငွေကြယ်လေး
ကိုတို့တွေမဆုံဆည်းရတော့ဘူးဆိုတာသိရတဲ့နေ့ကတည်းကကိုအချိန်တိုင်းငိုကြွေးခဲ့ရတယ်...
ကိုမဟုတ်တဲ့သူနဲ့လက်ထပ်ရတော့မယ့်မင်းဟာကို့အတွက်တော့အမြဲတမ်းတောက်ပနေဆဲပါဘဲကိုမဟုတ်တဲ့ကို့ညီရင်ခွင်ထဲမှာထာ၀ရပျော်ရွှင်ပါစေလို့ကိုဆုတောင်းပေးပါတယ်...ကိုဒီနေ့ဘဲမှူးထိပ်ထားနဲ့သြဇီကိုထွက်သွားခဲ့ပြီးကိုစိတ်ချမယ်နော်မြတ်နိုးရသောငွေကြယ်လေးရေ...ချစ်ခဲ့မိတဲ့အခိုက်တန့်မှာပျော်ရွှင်ခဲ့ရတယ်...ပြန်မဆုံနိုင်တော့တဲ့ဘ၀မှာမင်းလေးပျော်အောင်သာနေပါတော့ကလေးရေ...
သခင့်မင်းဆက်...
ပျိုစာကိုဖတ်ပြီးမျက်ရည်များဟာမျက်၀န်းအိမ်ထဲမှာထပ်မံစီးကျလာကာနောက်ဆုံးတော့သူမဟာလောကကြီးနဲ့ခနတာအဆက်သွယ်ပြတ်သွားလေသည်။
YOU ARE READING
That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)
Fanfictionမုသားကြွယ်တဲ့ချစ်လက်ာ၏Season6ပါဗျ မြတ်နိုးရသောငွေကြယ်လေးရေ...ချစ်ခဲ့မိတဲ့အခိုက်တန့်မှာပျော်ရွှင်ခဲ့ရတယ်...ပြန်မဆုံနိုင်တော့တဲ့ဘ၀မှာမင်းလေးပျော်အောင်သာနေပါတော့ကလေးရေ... (သခင့်မင်းဆက်) ဘေးနားမှာထာ၀ရမရှိပေးနိုင်တော့ဘူးဆိုရင်တောင်သူ့နှလုံးသားရဲ့တစ်ထောင်...