''ကိုတို့လမ်းခွဲရအောင်မေ''မေတခေတ်ဟာသခင့်မင်းဆက်အားနာမလည်နိုင်စွာနဲ့စိုက်ကြည့်ရင်''ကိုမေဘာမှားလို့လဲဟင်ပြောပါအုန်း''
''ကိုတို့၂ယောက်ရဲ့ပတ်သက်မှုကဒီလောက်ပါဘဲကို့မှာပြောစရာမရှိတော့ဘူးခွင့်ပြုပါအုန်း''
''ကိုနေပါအုန်း''သိပ်ချစ်ရသူကညီဖြစ်သူနဲ့ကြိတ်ပုန်းခုတ်နေခဲ့တာဘယ်သူကများဒီလိုအရာကိုနားလည်ပေးနိုင်မှာလဲ...အခိုးအငွေ့တွေကိုတိမ်တွေပေါ်ဆီသို့မှုတ်ထုတ်ရင်းရီ၀ေ၀ေဖြစ်နေသောမျက်လုံးများထဲမှမျက်ရည်များကခိုကိုးရာမဲ့စွာပါးပြင်ထက်သို့စီးကျလာခဲ့လေသည်။သိပ်ချစ်ခဲ့ပါတယ်မေအရာအားလုံးကိုနားလည်ပေးခဲ့ဖူးတယ်ဒါပေမယ့်ငါ့ချစ်၇တဲ့မင်းငါချစ်ရတဲ့ညီလေးနဲ့ဖြစ်နေခဲ့တာတော့ငါနားလည်ပေးလို့မရဘူး...ခွင့်လွှတ်ပေးခဲ့နိုင်ပေမယ့်မင်းကို့အပေါ်မှာဒီလောက်ထိရက်စက်လိမ့်မယ်လို့ငါမထင်ခဲ့ဘူးမေ...တိတ်ဆိတ်နေသောလယ်ကွင်းပြင်ကြီးကိုငေးမောရင်းဘေးနားမှာချထားသောအရက်ပုလင်းကိုကောက်ယူပြီးမော့သောက်လိုက်လေသည်။
မြတ်လွန်းဆက်တစ်ယောက်အကိုဖြစ်သူကိုလိုက်ရှာရင်းနောက်ဆုံးတော့လယ်ကွင်းပြင်တံတားဘောင်ပေါ်မှာအရက်ထိုင်သောက်နေသောအကိုဖြစ်သူကိုတွေ့ရလေသည်။
''အကို...မင်းဒီမှာဘာလုပ်နေတာလဲ''
မြတ်လွန်းကိုမြင်တော့ထိန်းထားသမျှအရာအားလုံးကိုဖွင့်ချလိုက်လေသည်။
ခွပ်!!!
''အကိုမင်းငါ့ကိုဘာလို့ထိုးတာလဲ''
''ငါ့အချစ်ကိုလုယူတဲ့ကောင်မင်းသိလားမေတခေတ်ကငါသိပ်ချစ်ရတဲ့သူကွ..မင်းမို့လို့ကွာ''
မြတ်လွန်းဘာကြောင့်အကိုဖြစ်သူအခုလိုဖြစ်တာအစကနားမလည်ပေမယ့်သူအခုတော့သဘောပေါက်သွားလေသည်။
''အကိုမင်းပြောတဲ့မေတခေတ်ဆိုတာရွှေဆိုင်ပိုင်ရှင်သမီးကိုပြောနေတာလား..ဟား...ငါမသိခဲ့ဘူးတောင်းပန်ပါတယ်အကိုရာ...ငါမင်းချစ်သူမှန်းသိရင်ရှောင်ပါတယ်ကွာ''
''ထားလိုက်တော့မင်းဘာလာလုပ်တာလဲ''
''ဒယ်ဒီနဲ့မာမီအကို့ကိုလိုက်ရှာနေတယ်အကိုအိမ်မပြန်တာ၃လရှိပြီးလေဒယ်ဒီကိုစိတ်ဆိုးတယ်ဆိုလည်းဆိုးပါကွာအခုတော့အိမ်ပြန်လိုက်ခဲ့''
YOU ARE READING
That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)
Fanfictionမုသားကြွယ်တဲ့ချစ်လက်ာ၏Season6ပါဗျ မြတ်နိုးရသောငွေကြယ်လေးရေ...ချစ်ခဲ့မိတဲ့အခိုက်တန့်မှာပျော်ရွှင်ခဲ့ရတယ်...ပြန်မဆုံနိုင်တော့တဲ့ဘ၀မှာမင်းလေးပျော်အောင်သာနေပါတော့ကလေးရေ... (သခင့်မင်းဆက်) ဘေးနားမှာထာ၀ရမရှိပေးနိုင်တော့ဘူးဆိုရင်တောင်သူ့နှလုံးသားရဲ့တစ်ထောင်...