That Should Be Me (ep7)

66 5 0
                                    

မင်းဆက်ညီဖြစ်သူကပြန်ပြီးဆက်သွယ်တာကိုလက်မခံသောသူမအားစိတ်ပြတ်နိုင်တာဘဲလို့တွေးမိကာမြတ်လွန်းလိုမော်ဒယ်မင်းသားတစ်ယောက်ကိုစွန့်လွှတ်နိုင်တဲ့သူဆိုလိူ့သူမတစ်ယောက်တည်းဘဲရှိသေးသည်။

မင်းဆက်သူမဖုန်းပြောနေတာကိုထိုင်စောင့်နေရင်းဆေးလိပ်တစ်လိပ်ကိုရှိုက်ဖွာလိုက်လေသည်။

ပျိုဖုန်းပြောပြီးအိမ်ထဲ၀င်ဖို့လုပ်တော့ဗံသာပင်အောက်မှာသစ်ပင်ကိုကျောမှီကာဆေးလိပ်ရှိုက်ဖွာနေသောသူ့အားမြင်တော့မျက်မှောင်ကျုံ့ကာသူ့ဆီသို့လျှောက်လာခဲ့လေသည်။

''ရှင်ကျမပြောနေတာတွေကိုခိုးနားထောင်နေတာလား''ဆေးလိပ်ဖွာရင်းသူမကိုစူးစူးရဲရဲစိုက်ကြည့်လာသောသူ့ကြောင့်စိတ်ထဲမှာဖိန်းကနဲရှိန်းကနဲဖြစ်သွားလေသည်။

''ငါသူများကိစ္စကိုစိတ်မ၀င်စားတတ်သလို၀င်လည်းမပါတတ်ဘူးမင်းကိုဒုက္ခမပေးခဲ့ရင်ပေါ့...''မင်းဆက်ပြောလိုက်တော့သူမမျက်နှာမဲ့ကာ''အပြောကတော့ရွှေမန်းဘဲ...လူတွေပါးစပ်ကပိတ်လို့ရတာမှမဟုတ်တာ...''

ပြောပြီးအိမ်ထဲသို့၀င်သွားလေသည်။မင်းဆက်အားတစ်ခွန်းမကျန်ပြန်ပြောနေသောသူမကိုခနတာစိုက်ကြည့်ပြီးနေထိုင်ရာအိမ်သို့ထွက်လာခဲ့လေသည်။

တီ..တီ...တီ

ခြံရှေ့မှဘယ်လ်တီးသံကြောင့်ခြံစောင့်ဦးလေးနဲ့စကားပြောနေသောမင်းဆက်လည်းအိမ်ထဲကနေထွက်လာပြီးခြံရှေ့ကိုလှမ်းကြည့်လိုက်တော့ပြိုင်ကားအနီရောင်နဲ့မြတ်လွန်းဆက်ကိုမြင်ရလေသည်။

''ဦးလေးပျိုမြတ်ရဲ့ချစ်သူရောက်လာတာထင်တယ်ကျနော်သွားတွေ့လိုက်မယ်''

''အေးအေးဦးလေးကမျက်လုံးမှုံနေတော့ဘယ်သူဘယ်၀ါမှန်းကိုမသိတာပါကွယ်ငါ့သူမင်းကိုဘဲအကူညီတောင်းတော့မယ်''

''ဟုတ်ကဲ့''မင်းဆက်ခြံရှေ့ကိုရောက်လာတော့''ပျိုမြတ်ခင်နှိုင်းရှိလားအကိုကျနော်သူနဲ့တွေ့ချင်ပါတယ်''

''ဒီကငါ့ညီပျိုမြတ်ခင်နှိုင်းရှိပေမယ့်သူကမင်းကိုမတွေ့ချင်ဘူးပြောတယ်မင်းပြန်လိုက်ပါတော့''

That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)Where stories live. Discover now