That Should Be Me (ep9)

70 6 0
                                    

''မှူးထိပ်ထား...ညီမလေးဘယ်လိုရောက်လာတာလဲ''

''ကိုထက်ကိုဒီမိန်းမနှောင့်ယှက်နေကတည်းကရောက်နေတာ..ဒီမှာကိုထက်ကနင့်ကိုခါးခါးသီးသီးငြင်းနေတာတောင်နင်ကအရှက်မရှိကိုထက်အနားမှာတောက်တဲ့လိုကပ်နေတယ်...''

''ငါ့ချစ်သူနားငါကပ်တာဘာဖြစ်လဲနင်နဲ့မဆိုင်ရင်အေးဆေးနေလိုက်...''
မှူးတစ်ယောက်ကိုထက်လက်ကိုပြန်ကိုင်ထားသောသူမလက်ကိုနောက်ပြန်လိမ်ကာ''နင့်ကိုကောင်းကောင်းပြောနေတုန်းနင်ပြန်လိုက်တာကောင်းမယ်...တောက်!!!''

''အားးးး..နင်!!!တောက်!!!''မေတခေတ်တစ်ယောက်မကျေနပ်စွာတောက်ခေါက်ပြီးနောက်ထိုနေရာကနေထွက်လာခဲ့လေသည်။

''ကိုထက်...အခုဘယ်သွားမှာလဲအဆင်ပြေရဲ့လား''မင်းဆက်လက်မောင်းကိုကိုင်ကာပြောလာသောမှူးထိပ်ထားအားပြုံးပြကာ''ကျနော်ဘာမှမဖြစ်ပါဘူးမှူး''

''အင်းပါမှူးတို့မတွေ့တာကြာတော့တစ်ခုခုသွားစားကြမလားမှူးကိုထက်နဲ့စကားပြောစရာအများကြီးရှိတယ်''မှူးကိုထက်လက်မောင်းကိုတွဲကာကားဆီသို့ခေါ်လာခဲ့လေသည်။မင်းဆက်သူဒီကိုရောက်နေတာပျိုမြတ်ခင်နှိုင်းအားလာကြိုတာပင်...

မြတ်လွန်းဆက်အရှေ့ကကောင်မလေးတစ်ယောက်နဲ့ပြသာနာဖြစ်နေတုန်းဘယ်ကမှန်းမသိတဲ့နောက်တစ်ယောက်ကပေါ်လာတာကြောင့်စိတ်၀င်တစားကြည့်နေခဲ့သည်။

''ကိုကို''

''ဟင်ဘာလဲပျိုပြောလေ''

''ပျိုကိုတကူးတကလာတွေ့လို့ကျေးဇူးနော်အခုတော့ပျိုကိစ္စလေးရှိလို့bye''

''ဟေ့..နေအုန်းလေပျို''ပျိုတစ်ယောက်ထက်လွန်းသူဆီသို့လျှောက်လာပြီသူ့လက်မောင်းကိုဖက်တွယ်ထားသောထိုမိန်းမရဲ့လက်ကိုဖယ်ထုတ်ကာ''ဒီနေ့ကျောင်းလာကြိုတာမလားသွားကြမယ်လေ''မှူးကိုဖယ်ထုတ်ပြီးကိုထက်ကိုစကားပြောနေသောကလေးမကြောင့်စိတ်ကတင်းသွားလေပြီး''ဒီမှာကလေးမမင်းကဘယ်သူလဲဒီမှာငါတို့တွေစကားပြောနေတာမမြင်ဘူးလား''ပျိုသူမဘက်သို့လှည့်ကာ''မြင်တယ်လေဘာလဲမကြိုက်လို့လား...စိတ်မ၀င်စားဘူး..ငါ့ဘော်ဒီကဒ်ကိုငါပိုင်တယ်လေငါကြိုက်တာလုပ်ပိုင်ခွင့်ရှိတယ်ထက်လွန်းသူပျိုအိမ်ပြန်ချင်ပြီးသွားရအောင်''ထွက်သွားတော့မယ့်ကိုထက်လက်ကိုဆွဲကာ''ကိုထက်သူပြောတာတွေကအမှန်တွေလား..''မင်းဆက်ခေါင်းငြိမ့်ပြလိုက်လေသည်။

That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)Where stories live. Discover now