''ကိုမင်းဆက်မိသားစုကိုမဆက်သွယ်နေနိုင်တယ်နော်ကျနော်ကတော့မရဘူးဗျကျနော်ဒယ်ဒီရဲ့အော်ငေါက်သံမကြားရရင်မနေနိုင်ဘူးအခုတောင်သူ့ကိုစနောက်ပြီးဖုန်းပြောနေတာသူစိတ်ဆိုးလို့ဖုန်းပါချပစ်လိုက်တာ...''မင်းဆက်ယောက်ဖဖြစ်သူဂုဏ်တော်မဟာအား''မင်းတို့သားအဖတွေကတော့တည့်ကြတာဘဲကောင်းပါတယ်လေငါနဲ့ငါ့အဖေကတော့ဘယ်တော့မှမျက်နှာကြောမတည့်ကြဘူးရန်ဖြစ်ဖို့ကိုဘဲလုပ်နေကြတာလေ...''
''အကို့အဖေကအဲလိုဆိုတော့အကိုဘက်ကပိုပြီးသူ့ဘက်ကိုဂရုစိုက်ပေးလိုက်ပေါ့သူစကားနားထောင်တာမျိုးလုပ်ပေးသင့်တယ်လို့ကျနော်ထင်တယ်...အဖေတွေဆိုတာသူတို့ချစ်တာကိုမဖွင့်ပြောတတ်သလိုမထုတ်ဖော်ပြတတ်ဘူးရင်ထဲမှာတော့သူကအကိုတို့ကိုအရမ်းချစ်တာ...ကျနော့်ကိုဆိုအဖေကမချစ်ဘူးလို့သာပြောနေတာကျနော်တစ်ခုခုဖြစ်ကြည့်ပါလားအဖေကချက်ချင်းရောက်ချလာတာ..ကျနော်ဆိုအကိုထက်တောင်ဆိုးတယ်ကျောင်းတက်ချိန်တုန်းကဆိုကျနော်ရန်ပွဲတွေဖြစ်တာဒယ်ဒီရောမာမီရောရင်တက်မအေးလဲအမြဲတမ်းကျောင်းအုပ်ကြီးဆီသွားနေရတယ်...ကျနော်ကတော့ဂရုမစိုက်ဘဲဆိုးနေခဲ့တာပေါ့အဖေကတော့ကျနော့်ကိုစိတ်ဆိုးပြီးမနာနာအောင်ပြောတာဗျာ..ကျနော်တနေ့တော့အဖေပြောတာကိုတော်တော်စိတ်ဆိုးသွားတာ..ဒါပေမယ့်ကျနော်အိမ်ပေါ်ကနေမဆင်းဘူး..ဘာလို့လဲသိလားအဖေကကျနော့်ကိုကောင်းစေချင်လို့ဆူတာလေကျနော်တကယ်လို့အိမ်ကနေထွက်သွားမယ်ဆိုသူတို့လည်းပိုပြီးစိတ်ဆင်းရဲရမှာကျနော်လည်းဒုက္ခရောက်နိုင်တယ်...''
မင်းဆက်ယောက်ဖဖြစ်သူဂုဏ်တော်မဟာပြောနေတာကိုနားထောင်ပြီးသူလည်းဂုဏ်တော်လိုစိတ်ဆိုးပြီအိမ်ပေါ်ကနေမဆင်းခဲ့ရင်အခုလောက်ဆိုအဖေနဲ့အဆင်ပြေနေလောက်ပြီး...ring...ring...ring
ဂုဏ်တော်မဟာဖုန်းမြည်သံကြောင့်ဖုန်းကိုနှိပ်လိုက်လေသည်။''ဟယ်လို''
''သမီးမြတ်ဂန္ဓာမာဖြူရှိလားကွယ်ဦးလေးကသာလွန်သူပါမင်းဆက်ရဲ့ဖခင်ပါမင်းဆက်ကိုအရေးကြီးပြောစရာရှိလို့ပါကွယ်''
''ခနနော်အန်ကယ်..''ဂုဏ်တော်မင်းဆက်ဆီသို့ဖုန်းလှမ်းပေးကာ''အကိုအဖေဆက်တာအကိုဖုန်းကိုင်လိုက်ပါသူအရေးကြီးပြောစရာရှိလို့တဲ့...''မင်းဆက်ဂုဏ်တော့်ဆီကဖုန်းကိုယူပြီး''ဟယ်လို..ဒယ်ဒီ''
YOU ARE READING
That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)
Fanfictionမုသားကြွယ်တဲ့ချစ်လက်ာ၏Season6ပါဗျ မြတ်နိုးရသောငွေကြယ်လေးရေ...ချစ်ခဲ့မိတဲ့အခိုက်တန့်မှာပျော်ရွှင်ခဲ့ရတယ်...ပြန်မဆုံနိုင်တော့တဲ့ဘ၀မှာမင်းလေးပျော်အောင်သာနေပါတော့ကလေးရေ... (သခင့်မင်းဆက်) ဘေးနားမှာထာ၀ရမရှိပေးနိုင်တော့ဘူးဆိုရင်တောင်သူ့နှလုံးသားရဲ့တစ်ထောင်...