''ဒယ်ဒီသူဘယ်သွားတာလဲ''ဦးပျိုနှိုင်းမောင်တစ်ယောက်အိပ်ခန်းထဲ၀င်ခါနီးသမီးဖြစ်သူကတဖက်ခန်းကနေထွက်လာရင်းမေးလေတော့''ဒယ်ဒီသူငယ်ချင်းခိုင်းထားတဲ့အလုပ်ပါ...''
''သူညနက်နေပြီးဘယ်ချိန်မှပြန်မှာလဲ''
''ဒါတော့မပြောတတ်ဘူးသမီးပျို..ထက်လွန်းသွားရတဲ့ကိစ္စကဟိုဘက်ဖြေရှင်းလို့မရလို့ပြသာနာဖြေရှင်းပေးဖို့သွားတာဟိုဘက်ကအေးအေးဆေးဆေးပြေပြေလည်လည်ဆိုရင်တော့အဆင်ပြေပြေနဲ့စောစောပြီးမှပေါ့ကွယ်...ကဲသမီးညနက်နေပြီးအိပ်တော့နော်''
''ဟုတ်ကဲ့''ဘာကိစ္စမို့လို့လဲအဲလောက်ထိတောင်အလျင်လိုစလိုထွက်သွားရတာ...ငါကဘာလို့သူ့အကြောင်းကိုဘဲအခုတလောစိတ်၀င်တစားဖြစ်နေရတာလဲ...ပျိုခေါင်းကိုခါရမ်းလိုက်ရင်းသူ့အကြောင်းမတွေးတာဘဲကောင်းပါတယ်...
ဆိုင်ကယ်တစ်စီးဟာလေအဟုန်နဲ့အတူနယ်စပ်နားကိုရောက်လာခဲ့လေသည်။ကုန်တင်ကာ၁၅စီးကအရှေ့မှာနေရာယူထားပြီးတဖက်နယ်စပ်ကလူများကလည်းသူ့ကိုမြင်တော့ချက်ချင်းထိုင်နေရာမှထကာမင်းဆက်တို့ဘက်ကိုလျှောက်လာခဲ့လေသည်။
ဒီသစ်တွေကိုတင်သွင်းတင်ပို့ဖို့ဦးဆောင်သူမောင်အောင်ထက်အား''ဘယ်လိုဖြစ်တာလဲအောင်ထက်...သူဌေးငါ့ကိုဒီလွှတ်လာရတဲ့အထိဘာတွေများဒီလောက်ခက်ခဲနေလို့လဲ''
အောင်ထက်ကဒီအပိုင်းမှာဆရာဖြစ်ပေမယ့်မင်းဆက်ထက်တော့အသက်ငယ်ပြီးရာထူးလည်းငယ်သည်။
''ကိုထက်ကျနော်ရှင်းပြပါ့မယ်..ဒီလိုပါကျနော်တို့တင်သွင်းနေကျသစ်တွေကိုသူတို့ဘက်ကမှာသလိုဘဲကျနော်တို့အတတ်နိုင်ဆုံးပို့ပေးပါတယ်ဒါပေမယ့်ဒီနေ့ကျမှကျနော်တို့တင်သွင်းတာကိုမကျေမနပ်ပြောဆိုနေတယ်ဗျာ''
''ဟုတ်လားသူဌေးပြောတယ်ကျွန်းသစ်ကိစ္စဆို''
''ဟုတ်ပါတယ်ကိုထက်ကျွန်းသစ်ကိစ္စကိုဒီကောင်တွေမကျေနပ်နေတာကျနော်တို့တင်သွင်းတဲ့သစ်တွေထဲမှာကျွန်းသစ်နည်းနည်းဘဲပါလို့တဲ့''
မင်းဆက်ရှင်းပြနေတာကိုနားထောင်ပြီးနောက်''ကောင်းပြီးငါဖြေရှင်းလိုက်မယ်မင်းကမင်းလူတွေကိုအနောက်ဆုတ်နေခိုင်းလိုက်အောင်ထက်''
YOU ARE READING
That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)
Fanfictionမုသားကြွယ်တဲ့ချစ်လက်ာ၏Season6ပါဗျ မြတ်နိုးရသောငွေကြယ်လေးရေ...ချစ်ခဲ့မိတဲ့အခိုက်တန့်မှာပျော်ရွှင်ခဲ့ရတယ်...ပြန်မဆုံနိုင်တော့တဲ့ဘ၀မှာမင်းလေးပျော်အောင်သာနေပါတော့ကလေးရေ... (သခင့်မင်းဆက်) ဘေးနားမှာထာ၀ရမရှိပေးနိုင်တော့ဘူးဆိုရင်တောင်သူ့နှလုံးသားရဲ့တစ်ထောင်...