That Should Be Me (ep8)

55 6 0
                                    

''မောင်ခန့်ငါ့ညီသမီးကိုအဲတောမှာရှာနေတာအခုထိမတွေ့သေးဘူးလား''မောင်ခန့်ဆိုသူက''ကျနော်တို့အဖွဲ့တွေလည်းအဲဒီနေရာမှာရှာဖွေပေးနေခဲ့တာ၁၀နှစ်ကျော်ပြီသူဌေး..သူဌေးသူမအလောင်းကိုမတွေ့ခဲ့ဘူး...''

''အလောင်းမတွေ့ဘူးဆိုငါ့သူမအသက်ရှင်နေသေးတယ်ဆိုတဲ့သဘောဘဲမင်းတို့ကိုလခကောင်းကောင်းပေးထားတာကိုရအောင်ရှာဖွေပေးကြလေ..ငါ့သူမကိုငါတွေ့ချင်နေပြီးကွ..''မောင်ခန့်လည်းသူတို့နေ့ရောညရောခြေကုန်လက်ပန်းကျရှာနေပေမယ့်ဦးပျိုနှိုင်းမောင်ရဲ့သူမပျိုမေထားကိုထပ်ပြီးရှာဖွေရအုန်းမည်သူတို့ကားကျသွားတဲ့ချောက်အောက်ကတောကနက်လှသည်။မိဘ၂ပါးကသေသွားပြီးဆိုပေမယ့်သမီးတစ်ယောက်ကအသက်ရှင်သလားသေသလားမသိရသေးပေ။

''ဟုတ်ကဲ့ပါကျနော်တို့လူအင်အားထပ်တိုးပြီးရှာဖွေပေးပါ့မယ်...''မောင်ခန့်တို့တွေထွက်သွားတော့ရုံးခန်းကိုရောက်လာသောဦးမှူးမြတ်နိုင်က''ဘယ်လိုလဲသူငယ်ချင်းအဆင်ပြေရဲ့လားကွ''

''ဟာငမှူးမင်းကွာရောက်လာမယ်ဆိုကြိုပြောတာမဟုတ်ဘူး...ငါဒီမှာမပြီးတာလက်စသတ်လိုက်မှာပေါ့...''

''ရပါတယ်မင်းအလုပ်လုပ်နေတာငါလာရတဲ့ကိစ္စကဒီနေ့ငါ့သမီးမှူးကသူ့ရဲ့အကိုထက်လွန်းကိုတွေ့ချင်တယ်တဲ့ဒီနေ့မှမခေါ်လာရင်ငါ့ကိုစကားမပြောတော့ဘူးတဲ့ကြည့်ကွာမင်းသူမကငါ့ကိုနိုင်စားနေတာ''

''ငါ့လောက်တော့မဆိုးသေးဘူးမင်းသမီးကငါ့သမီးလိုပြန်မပြောနားမထောင်ဆိုရင်တော့မင်းခေါင်းမွှေးအခုချိန်လောက်ဆိုပြောင်နေလောက်ရောပေါ့...''

''ဟားဟားဟုတ်တယ်ဟေ့မိတဆိုးလေးမို့အလိူလိုက်ထားတာသမီးမှူးကဒီနေ့မှသူ့အကိုကိုမတွေ့ရရင်စိတ်ဆိုးမှာတဲ့..ဒါကြောင့်ငါမင်းဆီကိုလာခဲ့တာ..ပြောပါအုန်းငါ့လွှတ်လိုက်တဲ့ထက်လွန်းသူကအခြေအနေဘယ်လိုရှိလဲငါ့ကောင်''ဦးပျိုနှိုင်းမောင်လက်မထောင်ပြကာ''အိုကေမှစိုပြေဘဲငါ့ကောင်ရေ..မင်းရဲ့လူကဘက်စုံကျွမ်းသလားမှတ်ရတယ်သိလား..အိမ်မှာတစ်ခုခုဖြစ်ပြီးဟေ့ဆိုမောင်ရင်ရေလို့သာခေါ်လိူက်ချက်ချင်းပြေးလာပြီးတန်းလုပ်ပေးတာဖင်ပေါ့ချက်ကတော့မပြောနဲ့တော့ကွာ..ငါကအဲလိုကောင်မျိုးတွေဆိုသိပ်ကြိုက်တာကွသားမက်တောင်ပြေးတော်ချင်သွားပြီး...''

That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)Where stories live. Discover now