အင်းးးးးးအိပ်ယာထဲမှအကြောက်ဆန့်ကာထလာသောပျို..အိပ်ယာကနေထလာသည်နှင့်ညကမြင်ကွင်းတချို့ကသူမခေါင်းထဲမှာရိပ်ကနဲပေါ်လာခဲ့လေသည်။သူမညတုန်းကသူမချစ်သူနဲ့လမ်းခွဲခဲ့တာပင်...ဘ၀မှာအရမ်းချစ်ခဲ့ရသူနဲ့လမ်းခွဲပြီးမှာသူမဘ၀အရင်ကထက်ပိုပြီးငြီးငွေ့ဖွယ်ကောင်းလာသလို...ဒါပေမယ့်သူမပြန်တွေးကြည့်တိုင်းညတုန်းကသူမနဲ့နမ်းခဲ့သူကကိုကိုမဟုတ်ဘူးဆိုတာသူမသိတယ်ဒါဆိုဘယ်သူဖြစ်မလဲသူမနဲ့အတူလိုက်လာတဲ့ဂုဏ်သခင်လည်းအဲလိုမလုပ်တတ်ပေ။တစ်ယောက်ဘဲကျန်တော့မည်ထိုသူကထက်လွန်းသူဘဲဖြစ်ရမည်။ပုံစံကိုကအချိုးမပြေစူးစူးကြည့်တတ်သောသူကညတုန်းကသူမကိုနမ်းခဲ့သည်လား....အတွေးထဲမှာတောင်စဥ်ရေမရလျှောက်တွေးနေသောမိမိခေါင်းကိုတချက်ခါရမ်းလိုက်ရင်းအိပ်ယာပေါ်မှဆင်းကာမျက်နှာသစ်ဖို့ထလာခဲ့လေသည်။
''သားထက်လွန်းလာကွယ်ဦလေးတို့ကသားကိုမနက်စာစားဖို့မျှော်နေတာကွယ့်လာထိုင်''
''မောင်ထက်လွန်းသူကအညာသားလားကြည့်ရတာအသားညိုညိုထောင်ထောင်မောင်းမောင်းဆိုတော့''မင်းဆက်နဂိုဖြူသောအသားကိုမိတ်ကပ်ညိုညိုအုပ်ကာအသားညိုသူတစ်ယောက်လိုပြုလုပ်ထားတာကြောင့်ဒေါ်ခင်''မြတ်ကမေးလိုက်ခြင်းပင်...
''မဟုတ်ပါဘူးအန်တီကျနော်ကနဂိုအသားညိုတာပါ..အမေနဲ့အဖေကတော့ဒီမြို့သူမြို့သားတွေပါဘဲ...''
''ဟုတ်လားမသိပါဘူးမင်းကအသားညိုတော့အညာသားထင်သွားတာပြီးတော့စကားလည်း၀ဲနေတော့''
''အဟင်း..ကျနော့်အမေကအမေရိကန်မြန်မာကပြားလေ..ကျနော့်အဖေကတရုတ်ဗမာကပြားပေါ့..''
''ဟေမင်းအဖေကတရုတ်ဆိုတော့တော်တော်အသားဖြူမှာပေါ့ဦးလေးသူငယ်ချင်းတစ်ယောက်လည်းသားဖေဖေလိုဘဲတရုတ်မြန်မာကပြားတစ်ယောက်ပေါ့သူ့ဇနီးကလည်းသားပြောသလိုဘဲအမေရိကန်နဲ့မြန်မာကပြားလေးအသားတော်တော်ဖြူမျက်နှာပေါက်ကလည်းနိုင်ငံခြားသူလိုဘဲလှလိုက်ချောလိုက်တာမပြောပါနဲ့တော့''
''ဟုတ်ကဲ့''
''မိန်းမသမီးလေးမနိုးသေးဘူးလားသွားခေါ်လိုက်ပါအုန်းကွာဒီမှာမနက်စာအတူတူစားရအောင်...''
YOU ARE READING
That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)
Fanfictionမုသားကြွယ်တဲ့ချစ်လက်ာ၏Season6ပါဗျ မြတ်နိုးရသောငွေကြယ်လေးရေ...ချစ်ခဲ့မိတဲ့အခိုက်တန့်မှာပျော်ရွှင်ခဲ့ရတယ်...ပြန်မဆုံနိုင်တော့တဲ့ဘ၀မှာမင်းလေးပျော်အောင်သာနေပါတော့ကလေးရေ... (သခင့်မင်းဆက်) ဘေးနားမှာထာ၀ရမရှိပေးနိုင်တော့ဘူးဆိုရင်တောင်သူ့နှလုံးသားရဲ့တစ်ထောင်...