That Should Be Me (ep17)

65 5 0
                                    

နာကျင်စွာပြုံးလိုက်ရင်း''ငါချစ်တဲ့သူကမကြာခင်လက်ထပ်တော့မှာလေ..ဟက်..ဒီဇာတ်လမ်းကငါ့အတွက်နာကျင်ရတယ်ဆိုတာမင်းယုံလားအောင်ထက်''အောင်ထက်သူ့ကိုစိတ်မကောင်းသောအကြည့်နဲ့စိုက်ကြည့်ကာ''ကိုထက်ချစ်သူရဲ့မိဘတွေကကိုထက်နဲ့သဘောမတူဘူးလား''

''အဟင်း...သဘောတူတာပေါ့ဒါပေမယ့်ငါသိပ်မှားခဲ့တယ်လေငါချစ်တဲ့သူကသူမမှန်းမသိခဲ့ချိန်တုန်းကငါလက်ထပ်ပွဲကိုငြင်းခဲ့မိတယ်...သူမကိုချစ်မိသွားချိန်မှာမှငါနဲ့လက်ထပ်ပေးမယ့်သူကသူမမှန်းငါသိခဲ့ရတယ်ဒါပေမယ့်ငါနောက်ကျသွားပြီးအောင်ထက်ငါနောင်တရမိတယ်ငါအဲချိန်မှာသာလက်ထပ်ပွဲကိုမငြင်းခဲ့ရင်သူမမှန်းငါသိခဲ့မယ်ဆိုရင်...တော်ပြီးကွာ..ငါဆက်ပြီးပြောရင်ပိုပြီရင်နာရတယ်...ငါ့ကိုသောက်စရာသွားယူပေးပါအုန်းငါထပ်သောက်မယ်ငါ့ရင်ထဲကနာကျင်မှုတွေပျောက်တဲ့အထိသူတို့ကိုမေ့လို့ရအောင်ကြိုးစားမယ်''အောင်ထက်အကိုအခုလိုခံစားနေရတာမြင်တော့သူဘယ်လိုမှမခံစားနိုင်တော့ပေ။

''ကိုထက်ချစ်သူကိုခိုးပြေးပါလား..ကိုထက်သူ့ချစ်တယ်မလားကိုထက်အခုလိုဘဲအရှုံးသမားပုံစံနဲ့နေသွားတော့မှာလား...''

''အောင်ထက်...ငါအခုလိုအသဲကွဲအရှုံးသမားပုံစံနေနေရတယ်ဆိုတာငါ့ချစ်သူနဲ့လက်ထပ်တဲ့သူကတခြားလူမဟုတ်ဘူး...''

''.......''

''ငါသိပ်ချစ်ရတဲ့ငါ့ညီလေးနဲ့ကွ..ငါဘယ်လိုစိတ်မျိုးနဲ့ငါ့ညီရဲ့သတို့သမီးကိုခိုးပြေးရမှာလဲအောင်ထက်...ဟမ်းမင်းပြောစမ်း''

''ကိုထက်ချစ်သူကကိုထက်ညီရဲ့သတို့သမီးဟုတ်လား...''

''ဟုတ်တယ်မင်းမရှင်းဘူးမလားငါ့ဘ၀ဇာတ်ကြောင်းအမှန်ကိုငါပြောပြမယ်အောင်ထက်ငါ့ဘ၀မှန်ကိုမင်းသိရင်မင်းငါ့ကိုမုန်းနိုင်တယ်''မင်းဆက်အောင်ထက်အားသူ့အိမ်နဲ့ပြသာနာဖြစ်ပြီးအိမ်ပေါ်ကနေဆင်းလာတာကနေစပြီးဒီကိုသူရုပ်ဖျက်ပြီးလာရတဲ့အကြောင်းကိုပါပြောပြလိုက်လေသည်။

''ဒါဆိုကိုထက်နာမည်အရင်းကသခင့်မင်းဆက်ပေါ့ဒါဆိုမော်ဒယ်မြတ်လွန်းဆက်ရဲ့အကိုဆိုတာလား...''

That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)Where stories live. Discover now