That Should Be Me (ep12)

65 6 0
                                    

နမ်းရှိုက်နေရာမှမင်းဆက်သူမမှညီလေးရှိနေတာကိုသိပြီးတွန်းထုတ်ကာထလိုက်လေသည်။

''ဘာဖြစ်လို့လဲ''သူမဆီမှမကျေနပ်သောလေသံနဲ့ပြောလာတော့''ဘာမဖြစ်ဘူးဆိုင်သူရှိနေတဲ့သူကိုမပတ်သက်ချင်ရုံပါ...မင်းထွက်သွားလို့ရပြီး''မင်းဆက်အ၀တ်စား၀တ်ကာသူမအားအခန်းပြင်သို့တွန်းထုတ်လိုက်ပြီးတံခါးပိတ်လိုက်လေသည်။

''ဆိုင်သူရှိလို့မပတ်သက်ချင်တာလားဒါမှမဟုတ်အဆင့်အတန်းမတူလို့မပတ်သက်ချင်တာကိုထက်လွန်း.အဟင်း''ပျိုမြတ်တစ်ယောက်ထိုသို့ဆိုပြီးနောက်သူအိမ်ဘက်သိူ့ထွက်လာခဲ့လေသည်။

''မြတ်လွန်းဆက်ငါ့ကိုပြန်ပြီးအာခံနေရအောင်မင်းလုပ်စာထိုင်စားနေတာမဟုတ်ဘူး...''မြတ်လွန်းတစ်ယောက်ဖခင်ဖြစ်သူကအိမ်ထောင်ချပေးမည်ပြောသောကြောင့်မကျေမနပ်ဖြစ်ပြီးပြသာနာဖြစ်နေကြလေသည်။

''ဒယ်ဒီအကို့ကိုပြောလို့မရတော့ကျနော်ဘက်ကိုလှည့်လာတယ်ကျနော်မှအိမ်ထောင်မပြုချင်သေးတာလွတ်လွတ်လပ်လပ်နေချင်သေးတယ်...''

''မင်းကိုအလုပ်လုပ်ခိုင်းပြန်တော့လည်းအနုပညာအစည်းအရုံးနဲ့စာချုပ်ချုပ်ထားပြီးနောက်ဇာတ်ကားတွေရိုက်ရမယ်မအားတာနဲ့ကောင်မလေးတွေနဲ့ပွေမှာနဲ့မင်းလိုကောင်ကိုမိန်းမပေးစားမှကိုခြေငြိမ်တော့မှာမြတ်လွန်း..မင်းငါမိတ်ဆွေသမီးနဲ့လက်ထပ်ရမယ်...ငါနောက်လအတွင်းစေ့စပ်ပွဲကိုလုပ်မှာမင်းဘာသာငြင်းချင်ရင်မငြင်းချင်ရင်နေငါကတော့မဂ်လာပွဲအထိရောက်အောင်လုပ်မှာ''ပြောမရသောဖခင်ဖြစ်သူကြောင့်စိတ်ပေါက်ပေါက်နဲ့ဘားဘက်ကိုထွက်လာခဲ့လေသည်။သူငယ်ချင်းဖွင့်ထားသောday barကိုရောက်လာပြီးတစ်ယောက်ထဲဆွေးနေလေသည်။

''ဟျောင့်မြတ်လွန်း..မင်းကဒီမှာကိုးငါထင်တာမင်းကောင်မလေးတွေနဲ့သွားပျော်နေတယ်ထင်နေတာ''ဆက်မင်းနောင်ကကောင်တာဆီသို့ရောက်လာပြီးသူ့ပုခုံးကိုဖက်ကာပြောနေသောသူငယ်ချင်းဖြစ်သူအား''မင်းမနောက်စမ်းပါနဲ့ဒီမှာငါညစ်နေတာနော်...''

''ဟဘာလဲငါ့ကောင်မင်းလိုပျော်ပျော်နေတတ်တဲ့ကောင်ဘာဖြစ်လာတာလဲဆိုစမ်းပါအုန်း''

That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)Where stories live. Discover now