That Should Be Me (ep13)

51 5 0
                                    

မင်းဆက်အရှေ့ကညီဖြစ်သူနဲ့အမဖြစ်သူကိုအကဲခတ်ကြည့်နေလေသည်။

''ကိုထက်မှူးကိုလေဒီစာရင်းပိုင်းရှင်းပြပါလားမှူးနားမလည်လို့''

''ဪအင်းပေးလေ''မှူးကိုထက်ဘေးနားမှာရှိနေတာတောင်ကိုထက်ကဘာလို့ဋီ့ကိုကြည့်နေရတာလဲ..စိတ်ထဲမှာသ၀န်တိုမှုများကဖြစ်ပေါ်လာခဲ့လေသည်။

''မှူးနားလည်လား''မင်းဆက်ပြောတော့သူမကပြုံးပြီးခေါင်းငြိမ့်ပြလေသည်။

''အင်းနားလည်သွားပြီး..ကျေးဇူးနော်ကိုထက်...''

''ရပါတယ်ကျနော့်ကိုမရှင်းတာရှိရင်မေးပါဗျကျန်သေးလားနားမလည်တာတွေ''

''ဟအင်းမရှိတော့ဘူးမှူးတို့စကားမပြောရတာကြာပြီးနော်..ကိုထက်အားလား''

''အားပါတယ်ဗျာ...မှူးဘာပြောမလို့လဲပြောလေ''

''ကိုထက်နဲ့၂ယောက်ထဲဘဲပြောချင်တာ''

''အမလေးမှူးရယ်ငါတို့ကိုမောင်းထုတ်ချင်တယ်ဆိုမောင်းထုတ်ချင်တယ်ပေါ့ဟယ်''

''အဲလိုမဟုတ်ပါဘူးသူငယ်ချင်းရယ်ငါကဒီမှာဘဲပြောမှာပါနောက်လိုက်တာကို..''

''ဟုတ်ပါပြီးမြတ်လွန်းဒါနဲ့နင့်အကိုရော''မင်းဆက်တစ်ယောက်ဋီကာပြောစကားကြောင့်သေချာနားစိုက်ထောင်လိုက်လေသည်။

''မသိပါဘူးအမရာကိုမင်းဆက်ကဒယ်ဒီနဲ့မျက်နှာကြောမတည့်တော့အိမ်မှာကိုမနေတာလွန်ခဲ့တဲ့၅လကဘဲဒယ်ဒီကသူ့ကိုမိန်းမပေးစားမယ်ဆိုပြီးပြောတော့အိမ်ပေါ်ကနေဆင်းသွားလေရဲ့ဗျာ..အခုလည်းဘယ်မှာရှိမှန်းကိုမသိပါဘူးဗျာကျနော်လည်းသူ့ကိုမြို့အနှံ့လိုက်ရှာသေးတယ်ဒီကောင်က၀ိဇ္ဇာလိုဘဲပျောက်သွားတာရှာလို့ကိုမရဘူးသူ့ဘာသာပြန်လာချင်တဲ့အခါမှပြန်လာတာဗျ..''

''နင့်ကိုရောဦးသာကအိမ်ထောင်မချပေးဘူးလားနင်လို့ကောင်ကိုတော့အရင်မိန်းမပေးစားမှခြေငြိမ်မယ်ထင်တယ်...''

''အမပြောတာနောက်ကျသွားတယ်ကျနော့်ကိုဒီနေ့ဘဲဒယ်ဒီကနောက်လကျရင်မိန်းမပေးစားတော့မယ်တဲ့..ကျနော်စိတ်ညစ်လို့ဒီမှာအရက်လာသောက်နေတာ...''

That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)Where stories live. Discover now