At Night
ပျိုမြတ်တစ်ယောက်ခါးပေါ်သောအကျီလည်ဟိုက်နဲ့ဘောင်းဘီတိုကို၀တ်ဆင်ကာအပေါ်ထပ်ကိုဂျင်းအနက်၀တ်ဆင်ပြီးနဂိုကကြည့်ကောင်းတဲ့ရုပ်ရည်ရှိတာကြောင့်မိတ်ကပ်သိပ်မလိမ်းပေ။ရှင်းရှင်းပြောရရင်အဲလိုအရာတွေကိုဆိုပျိုကသိပ်မကြိုက်လှပေ။
မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်ဒီလိုအလှပြင်ပစ္စည်းတွေကိုcrazyမဖြစ်ဘဲဖိနပ်များ၀ယ်စုရတာတို့အိတ်တွေအ၀တ်စားတွေ၀ယ်စုရတာကိုcrazyဖြစ်နေခဲ့သူပင်
အောက်ထပ်ကိုဆင်းလာတော့သူမကိုလှေကားရှေ့မှာရပ်စောင့်နေသောနေ့လည်ကလူ..ထိုလူ့ကိုမျက်စောင်းထိုကာကျော်သွားဖို့လုပ်တော့''ဘယ်လဲ..''
''ဘယ်သွားသွားပေါ့ရှင်နဲ့ဆိုင်လို့လား..လူပုံစံကိုကအချိုးမပြေတဲ့ပုံနဲ့''
''မင်းဘယ်သွားမှာလဲ''
''အံမာလူကိုကြည့်တော့လည်းမရှိလို့ဘော်ဒီကဒ်လာလုပ်နေတာများမာရေကြောရေနဲ့...''
မင်းဆက်မေးနေတာကိုမဖြေဘဲမာနခဲမလေးကတစ်ခွန်းမကျန်ပြန်ခံပြောနေတာကြောင့်''ဒီမှာမရှိလို့လုပ်တယ်ပျင်းလို့လုပ်တယ်မင်းသိပြီးဆိုတော့အခုဘယ်သွားမှာလဲ''''ရှင်နဲ့မဆိုင်ဘူးဘီးကျဲဖယ်လိုက်...''မင်းဆက်သူမရှေ့ကနေမဖယ်ပေးတော့ပျိုတစ်ယောက်မင်းဆက်ရဲ့ပေါင်ကြားကိုကန်ကျောက်ဖို့လုပ်တော့ဒါကိုမင်းဆက်ကသိသော်သူဒူးခြေထောက်နဲ့တွန်းတိုက်ရင်းသူမကိုလက်နောက်ပြန်ချုပ်ကာ''မင်းအနိုင်ကျင့်ပြီးမောင်းထုတ်လို့ရတဲ့ကောင်တွေထဲမှာတော့ငါမပါဘူးပျိုမြတ်ခင်နှိုင်းမင်းရဲ့ဘော်ဒီကဒ်တစ်ယောက်အနေနဲ့မင်းကိုစောင့်ရှောက်ဖို့တာ၀န်ရှိတယ်...''ပြောပြီးသူမကိုလွှတ်ပေးလိုက်တော့မင်းဆက်အားမကျေမနပ်ကြည့်ပြီး''တောက်!!!..ဒယ်ဒီဘယ်လိုလူကိုဘော်ဒီကဒ်ခန့်ထားတာလဲမသိ...မာရေကြောရေနဲ့လူဆိုးခေါင်းကျနေတာဘဲ''
''ငါသာလူဆိုးခေါင်းဖြစ်ရင်မင်းအခုချိန်လောက်ဆိုဆေးရုံရောက်နေလောက်ရောပေါ့...''
ပျိုသူ့ကိုမကျေမချမ်းနဲ့စိုက်ကြည့်လိုက်တော့သူကမျက်ခုံးပင့်ပြကာ''ဘာလဲမကျေနပ်လို့လား...ဒါနဲ့အခုဘယ်သွားမှာလဲမင်းမပြောရင်ဒီအိမ်ကနေထွက်ရမယ်လို့မထင်နဲ့''
YOU ARE READING
That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)
Fanfictionမုသားကြွယ်တဲ့ချစ်လက်ာ၏Season6ပါဗျ မြတ်နိုးရသောငွေကြယ်လေးရေ...ချစ်ခဲ့မိတဲ့အခိုက်တန့်မှာပျော်ရွှင်ခဲ့ရတယ်...ပြန်မဆုံနိုင်တော့တဲ့ဘ၀မှာမင်းလေးပျော်အောင်သာနေပါတော့ကလေးရေ... (သခင့်မင်းဆက်) ဘေးနားမှာထာ၀ရမရှိပေးနိုင်တော့ဘူးဆိုရင်တောင်သူ့နှလုံးသားရဲ့တစ်ထောင်...