''တော်တော့ပျိုမင်းလည်းပြန်တော့ဒီနေ့မင်းကိုစောင့်ရှောက်ဖို့ဘော်ဒီကဒ်အလုပ်ကပိတ်တယ်ဒီနေ့ငါ့မှာကိစ္စလည်းရှိသေးလို့ဦးလေးကိုလည်းပြောထားခဲ့ပြီးသား..မင်းပြသာနာရှာချင်တယ်ဆိုအိမ်ပြန်လိုက်တာကောင်းမယ်''ပျိုမကျေနပ်ဘဲသူ့အားဆွဲခေါ်လာပြီးကားထဲသို့အတင်းပေး၀င်လိုက်လေသည်။
မှူးလျှပ်တပြက်အတွင်းဖြစ်ပွားခဲ့တာကြောင့်ကိုထက်ကိုတားချိန်တောင်မရဘဲကားကထိုနေရာမှထွက်လာခဲ့လေသည်။
ပျိုလူပြတ်တဲ့နေရာကိုရောက်တော့ကားရပ်ကာသူ့အားအသေချာစိုက်ကြည့်ကာ''ပျိုကအဲမိန်းမလောက်စိတ်၀င်စားဖို့မကောင်းလို့လား...''
မင်းဆက်သူမကိုဘာလို့ဒီလောက်ထိစိတ်တိုနေရတာလဲဆိုပြီးမေးလိုက်လေသည်။
''မင်းဘာလို့စိတ်တိုနေရတာလဲ''
''ရှင့်ကိုသ၀န်တိုနေတာလေရှင်တခြားမိန်းမနဲ့လိုက်သွားနေတာပျိုမြင်ရင်ဘယ်လောက်ထိဒီရင်ထဲမှာပူလောင်နေရတာလဲဆိုတာရှင်သိလား''
''မင်းဒီစကားကိုမပြောသင့်ဘူးငါနဲ့မင်းကအလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးဘဲဒီထက်ပိုလာမှာလည်းမဟုတ်ဘူး''
''ရှင်ကဒီလိုဆက်ဆံမှုလို့ပြောပေမယ့်ပျိုကတော့အဲလိုမဟုတ်ဘူးပျိုရှင့်ကိုချစ်တယ်ကိုထက်လွန်းသူ..ပျိုရှင့်ဘေးနားမှာနေလာတာကြာတာနဲ့အမျှပျိုရှင့်ကိုသံယောဇဥ်တွယ်လာမိတယ်ပျိုရှင့်ကိုအချိန်တိုင်းတွေးလာမိတယ်ရှင့်ဘေးနားမှာတခြားမိန်းမတွေရှိရင်ပျိုမနာလိုဖြစ်မိတယ်''
''မင်းချစ်သူမြတ်လွန်းဆက်ကိုအားနာဖို့မတွေးမိဘူးလားသူကမင်းကိုဘယ်လောက်ထိချစ်လဲဆိုတာမင်းအသိဘဲလေဘာလို့ငါ့ကိုဒီစကားမျိုးလာပြောနေရတာလဲ''
''မြတ်လွန်းဆက်ဆိုတဲ့ကောင်ကသစ္စာမရှိဘူးရှင်နဲ့ကွာတယ်ရှင်ကသူ့ထက်ပိုပြီးတော်တယ်တတ်တယ်..ပျိုရှင့်ကိုသူ့ထက်အရေးပေးမိတာမဆန်းပါဘူးနော်ကိုထက်''
''မင်းငါ့ဘ၀မှန်ကိုမသိသေးလို့အခုလိုပြောနေတာပါငါ့ဘ၀မှန်ကဘာလဲဆိုတာမင်းရအောင်စုံစမ်းလိုက်အုန်းပျိုမြတ်..အဲကျမှမင်းအခုပြောတဲ့စကားတွေကိုငါတွေးပေးနိုင်မယ်...''
YOU ARE READING
That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)
Fanfictionမုသားကြွယ်တဲ့ချစ်လက်ာ၏Season6ပါဗျ မြတ်နိုးရသောငွေကြယ်လေးရေ...ချစ်ခဲ့မိတဲ့အခိုက်တန့်မှာပျော်ရွှင်ခဲ့ရတယ်...ပြန်မဆုံနိုင်တော့တဲ့ဘ၀မှာမင်းလေးပျော်အောင်သာနေပါတော့ကလေးရေ... (သခင့်မင်းဆက်) ဘေးနားမှာထာ၀ရမရှိပေးနိုင်တော့ဘူးဆိုရင်တောင်သူ့နှလုံးသားရဲ့တစ်ထောင်...